
The Nanny Diaries (2007) မိမိကိုယ်ကို ဘယ်သူလဲ၊ ဘယ်လိုလူလဲဆိုတာ တိတိကျကျ သိကြပါသလား။ The Nanny Diaries ထဲက ဘွဲ့ရပြီးခါစ အသက် ၂၁ အရွယ်ကောင်မလေးကတော့ သူ့ကိုယ်သူ ဘယ်လိုလူလဲဆိုတာကို အဖြေရှာရင်း နာနီလို့ခေါ်တဲ့ ကလေးထိန်းဘဝကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီအကြောင်းကို The Nanny Diaries ဆိုတဲ့ ဟာသ-ဒရမ်မာ ဇာတ်လမ်းမှာ စိတ်ဝင်စားစရာကောင်းအောင် ဟာသလေးနှောပြီး ရိုက်ကူးထားတာပါ။ အန်နီဘရတ်ဒေါ့ခ်ဟာ ဘွဲ့ရပြီးချိန်မှာ အလုပ်ရှာဖွေရင်းနဲ့ မထင်မှတ်ဘဲ အထက်တန်းလွှာမိသားစု တစ်ခုရဲ့ ကလေးထိန်းဘဝကို ရောက်ရှိခဲ့ပါတယ်။ အဲဒီလိုနဲ့ အန်နီဟာ အားကျစရာကောင်းလောက်အောင် ပြီးပြည့်စုံနေပြီလို့ ထင်ရတဲ့ အိမ်ထောင်သည် အမျိုးသမီးမှာလည်း လူမသိတဲ့ ဒုက္ခတွေ ရင်ဆိုင်နေရကြောင်း သိမြင်လာခဲ့ရပါတယ်။ ငွေကြေးချမ်းသာ သလောက် မိဘတွေရဲ့ ဂရုစိုက်ခြင်းကိုမခံရဘဲ၊ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘတွေကြားမှာ မြေစာပင် ဖြစ်နေရတဲ့ ဂရေယာလေးကို သံယောဇဉ် ဖြစ်မိတဲ့ အန်နီဟာ အလုပ်ထွက်ချင်ပေမဲ့ မထွက်နိုင်ခဲ့ပါဘူး။ အလုပ်ကြောင့် ရည်းစားမထားရဲခဲ့ပေမဲ့ အန်နီဟာ သူ့အလုပ်ရှင်အိမ်နားမှာနေတဲ့ ဟားဗတ်တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိခဲ့ပါတယ်။ အဲဒီအခါ သူရုန်းမထွက်သေးတဲ့ အလုပ်နဲ့ ချစ်သူကြားမှာ ဗျာများရပါတော့တယ်။ အဲဒီလိုနဲ့ အန်နီတစ်ယောက် ကလေးထိန်းဘဝက လွတ်မြောက်နိုင်မှာလား၊ သူ့ကိုယ်သူ ရှာဖွေသိရှိသွားမှာလား၊ ဂရေယာ့အတွက်ရော ဘာတွေလုပ်ပေးမလဲ၊ ချစ်သူနဲ့ရော ရှေ့ဆက်အဆင်ပြေပါ့မလားဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။ ဇာတ်လမ်းတင်ကောင်းတာမဟုတ်ဘူးနော်၊ မင်းသားသမီးတွေလည်း ကြည့်လိုက်ပါဦး၊ ညှို့အားပြင်း ဟောလိဝုဒ်မင်းသမီးချော Scarlett Johansson နဲ့ အခုအချိန်မှာ Captain America ဇာတ်ကောင်အဖြစ် လူသိများနေတဲ့ ဟောလိဝုဒ်မင်းသား Chris Evans တို့က အဓိက ပါဝင်ထားပါတယ်။ မင်းသမီးဇာတ်ဆိုတော့ မင်းသမီးအခန်းပိုများပါတယ်။ ဟာသနဲ့ အတွေးလေးတွေပါတဲ့ ပေါ့ပေါ့ပါးပါး Comedy-Drama ကြိုက်သူတွေအတွက်တော့ တကယ်ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းကောင်းလေး ပါပဲ။ (ရုပ်ရှင်အညွှန်းကို Cherry Mon မှရေးသားထားပြီး ဘာသာပြန်ကိုတော့ Lone Lone မှ တင်ဆက်ထားပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.4 GB | Download | |
| 1080p | 3.4 GB | Download | |
| 1080p | 3.4 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |