
သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့အရာတွေထဲမှာ လူတွေရဲ့ အိပ်မက်လည်း ပါပါတယ်။ အိပ်မက်ထဲက မက်တဲ့အရာတွေက တစ်ခါတလေ နားမလည်နိုင်စရာတွေ အများအပြားရှိပါတယ်။ ယခု CM က ဘာသာပြန်တင်ဆက်ပေးမယ့် ဖြစ်ရပ်မှန်ရုပ်ရှင်လေးဟာဆိုရင်လည်း အိပ်မက်တစ်ခုက စတင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပေကျင်းဆေးတက္ကသိုလ်မှာ ပါမောက္ခဘွဲ့ရဖို့ ကြိုးစားနေတဲ့ တုံချိုးဝမ်ဟာ မောင်လေးဖြစ်သူ တုံချိုးဟွာအသတ်ခံရပြီး ရွာပျက်အနားက တံတိုင်းတွေပြိုနေတဲ့ ခြံတစ်ခုထဲမှာ အမြှုပ်ခံထားရတယ်လို့ အိပ်မက်မက်ခဲ့ပါတယ်။ သူမအမေက သူမမောင်လေးကို အဆက်အသွယ်မရတာ ၅ ရက်လောက်ရှိပြီလို့ ဖုန်းဆက်လာတော့ သူမ စိုးရိမ်မိပြီး ရွာပြန်ဖို့ လုပ်ပါတော့တယ်။ သူမ ရထားနဲ့ ခရိုင်မြို့ကို ရောက်တာနဲ့ ဘကြီး မောက်ရှန်းကလာကြိုပြီး ခရိုင်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ ရွာပြန်ရောက်တော့ အစ်မချွင်းမေ့ရဲ့ ပြောကြားချက်အရ သူမမောင်လေးကို မပျောက်ခင်ရှေ့တစ်ရက်က ဘကြီးမောက်ရှန်းရဲ့ ချွေးမနဲ့ ဆေးရုံမှာ တွေ့ခဲ့တာ သိခဲ့ရပါတယ်။ ချိုးဝမ်တစ်ယောက် ဒီကိစ္စကို ရဲတွေကို ပြောပြလိုက်တဲ့အတွက် ရဲတွေက ဘကြီးမောက်ရှန်းအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဘကြီးမောက်ရှန်းဟာ တစ်ရွာလုံးအပေါ်ကျေးဇူးရှိခဲ့သူဖြစ်တဲ့အတွက် ရွာသူရွာသားတွေက ချိုးဝမ်ကို မကျေနပ်ကြတော့ပါဘူး။ သို့သော် ချိုးဟွာကိုပဲ စိတ်ပူနေတဲ့ ချိုးဝမ်ဟာ ရွာသားတွေရဲ့ မျက်နှာတွေကို ကြည့်မနေနိုင်တော့ပါဘူး။ သူမအမေက သူမကို စိတ်လိုက်မာန်ပါမလုပ်ဖို့ ပြောနေသော်လည်း သူမ အမှန်တရားကို တွေ့မှဖြစ်မယ်လေ။ ချိုးဝမ်တစ်ယောက် ချိုးဟွာကို ပြန်ရှာတွေ့ပါ့မလား...... ချိုးဟွာရဲ့ ပျောက်ဆုံးမှု နောက်ကွယ်မှာ ဘယ်လိုပြဿနာတွေ ရှိနေမလဲ ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Action Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download |