
Monkey King 2 (2016) IMDb – 5.9/10_____Rotten – 100% IMDb rating 5.9/10 ရရှိထားပြီး Rotten tomatoes မှာ ၁၀၀% ရရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး ဝူချန့် ရဲ့ ၁၆ရာစုခေတ်ကထွက်ရှိခဲ့တဲ့ Journey To The West ဝတ္ထုကိုဘဲ ပြန်လည်ဆန်းသစ်တင်ဆက်ထားတာဘဲဖြစ်ပါတယ်။ အများကမျှော်လင့်စောင့်စားနေတဲ့ ဇာတ်ကားတကားလဲဖြစ်သလို ရုံတင်ချိန်မှာတော့ Deadpool နဲ့ အပြိုင် ရုံတင်ပြသခဲ့သည့်အတွက် ဇာတ်ကားမှာ ထင်သလောက်အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အရင် ထွက်ရှိပြီးသား ဇာတ်ကားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ Visual Affect တွေ Animation တွေဟာ တော်တော်ကြီး ကြည့်ကောင်းလာတာကိုတွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မျောက်မင်း ဝူခုန်းကားတွေရဲ့ ထုံးစံအတိုင်းဘဲ ကျမ်းစာသွားသယ်တဲ့နေရာကနေစတင်ထားပြီး ထုံးစံအတိုင်းဘဲ ဝူခုန်းကို ဆရာတော်က ကယ်တင်ပေးတဲ့အခန်းကနေဘဲစတင်ထားပါတယ်။ အရိုးဖြူမိစ္ဆာ တို့အဖွဲ့ ရဲ့ တိုက်ခိုက်မှုတွေ အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး အနောက်ဖက်က မိုးကြိုးကျောင်းဆောင်မှာ ကျမ်းစာတွေကို သယ်ယူနိုင်မနိုင်ကိုတော့ ဆက်လက် ဒေါင်းယူကြည့်ရှူကြပါဗျာ။ထိုသို့အလွန်ကောင်းသောဇာတ်ကားကို Channel Myanmar ပရိတ်သတ်ကြီးအတွက် Channel Myanmar မှ ကြိူးစားတင်ဆက်ပေးလိုက်ပါသည်။ ဇာတ်လမ်းတစ်ခုလုံးကို အညွှန်းတွင်ထည့်မရေးပေးလိုက်တော့ပါဘူး။ အနောက်ဘက်သို့ခရီးသွားခြင်း ၊ Monkey King 1 တို့ရဲ့ ဇာတ်လမ်းသဘောသဘာဝ အကြောင်းအရာများက ပရိတ်သတ်ကြီးနှင့် အကျွမ်းတဝင် အရင်းနှီးဆုံးဖြစ်နေပြီးသားဖြစ်လို့ပါ။ဇာတ်လမ်းကို ကိုယ်တိုင်ကိုယ်ကျခံစားကြည့်ရှူ့ပြီး ပရိတ်သတ်များကိုယ်တိုင် ညွှန်းပေးကြပါလို့ပဲ တောင်းဆိုပါရစေ။ ကျွန်တော်တို့ကြိူးစားသမျှအသိအမှတ်ပြုရင် လက်မလေးတွေထောင်ပေးခဲ့ကြပါခင်ဗျာ။ ဇာတ်ကားရဲ့ နောက်ဆုံး ဇာတ်ဝင်သီချင်းကိုတော့ ဘားရှင်းပြောင်းပြီး ရေးသားပေးထားတဲ့အကြောင်းကိုပါ တပါတည်း အသိပေးရင် အပြီးဆုံးသည်အထိ ကြည့်ရှူပေးဖို့ကိုပါတိုက်တွန်းလိုက်ပါရစေဗျာ။ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေဗျာ ။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.49 GB | Download | |
| 1080p | 2.49 GB | Download | |
| 1080p | 2.49 GB | Download | |
| 1080p | 2.49 GB | Download | |
| 1080p | 2.49 GB | Download | |
| 1080p | 2.49 GB | Download | |
| 720p | 1.22 GB | Download | |
| 720p | 1.22 GB | Download | |
| 720p | 1.22 GB | Download | |
| 720p | 1.22 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.0 / 10
Director