
"မင်းသေဆုံးပြီး နိုးထလာတဲ့အချိန် ဘယ်နေရာမှာ ရှိနေမလဲ " ဇာတ်ကားထဲက စာသားလိုပဲ တချို့လူတွေ တခါတလေ တွေးမိကြမှာပါ။ ကျွန်တာ်တို့တွေ သေပြီးရင် ဘယ်နေရာကို ရောက်မှာလဲ ပေါ့။ ကောင်းတာလုပ်ရင် ကောင်းတဲ့နေရာ မကောင်းတာလုပ်ရင် မကောင်းတဲ့နေရာ အဲလိုမျိုး ရိုးရိုးရှင်းရှင်းလေးပဲလား။ ဒီသဘောတရားကို ဒီဇာတ်ကားက ပါးပါးလေးပုတ်ပြသွားပါတယ်။ လူသူမသိ နယ်မြို့လေးတစ်မြိုမှာ လူတစ်စုဟာ Russ ကြောင့် ရင်းနှီးမြှုပ်နှံငွေတွေ ဆုံးရှူံးလိုက်ရလို့ သူ့ကို တော်တော်များများကချဉ်နေကြပါတယ်။ ဒီတော့ Russ ဟာ မျက်စိကို နောက်စေ့မှာကပ်ပြီး နေရတဲ့ အခြေအနေရောက်နေလေရဲ့။ တစ်ညမှာတော့ ရက်စ်ရဲ့ ဘေးအိမ်က Delaine နဲ့ Carl တို့ သားအဖရဲ့အိမ်ကို ဖောက်ထွင်းပြီး အဖိုးကြီး Carl ကို သတ်သွားပါတယ်။ အစောကတည်းက နီးရာဓါးကြောက်နေရတဲ့ Russ တစ်ယောက်ဟာ သူ့ကို ဦးတည်တာလို့ထင်ပြီး အိမ်မှသတ်သွားတာလို့ သောကတွေများပါတော့တယ်။ ဒါပေမယ့် အပ်ချည်မျှင်တစ်စဆွဲထုတ်လိုက်သလိုပဲ နှာခေါင်းပေါက်လောက်မြို့လေးမှာ လူသတ်မှုတွေဟာ မီးခိုးကြွက်လျှောက် လိုက်လာတဲ့အခါမှာတော့...။ မှုခင်းရုပ်ရှင် ကြိုက်တတ်သူတွေအဖို့ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Morgan Freeman ကလည်း ရဲမှူး Thurmond အနေနဲ့ပါ၀င်ထားတာမို့လို့ ကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…(1.89GB) / (924MB) / (445MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.27GB | Download | |
| 720p | 687.35GB | Download | |
| 1080p | 1.27GB | Download | |
| 720p | 687.35GB | Download |