
ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။ Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။ နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်ပါတော့တယ် ။ အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.72 GB | Download | |
| 1080p | 1.72 GB | Download | |
| 1080p | 1.72 GB | Download | |
| 1080p | 1.72 GB | Download | |
| 1080p | 1.72 GB | Download | |
| 720p | 930.3 MB | Download | |
| 720p | 930.3 MB | Download | |
| 720p | 930.3 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.9 / 10
Director