
ဒေါ်လ်တန်မက်ချ်စတစ်က နေဗီဆီးလ်တပ်ဖွဲ့ဟောင်းတစ်ဦးဖြစ်ပြီး အာဖဂန်နစ္စတန်မှာစစ်မှုထမ်းခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အဖေဖြစ်သူ မက်ချ်စတစ်က မူးယစ်ဂိုဏ်းတစ်ခုမှာပါဝင်ပတ်သက်ခဲ့ပြီးနောက် ဂိုဏ်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မစ္စတာတန်ရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ဒေါ်လ်တန်က မစ္စတာတန်ကို လက်စားချေနှိမ်နင်းနိုင်ခဲ့ပြီးနောက် တစ်နှစ်လောက် အနားယူနေခဲ့ရပါတယ်။ဖခင်ဖြစ်သူသေဆုံးမှုနဲ့ စစ်ပွဲအတွင်းကရခဲ့တဲ့ စိတ်ဒဏ်ရာ PTSD ဝေဒနာများကြောင့် တစ်ဦးတည်းဇာတ်မြှုပ်နေထိုင်ခဲ့ရာမှ တစ်နှစ်အကြာမှာတော့ ဇာတိဖြစ်တဲ့ ကယ်လီဖိုးနီးယားကို ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အဖေ မက်ချ်စတစ်မှာ တိုက်ဂါးလို့ခေါ်တဲ့သားတစ်ယောက်ရှိသေးပြီး တိုက်ဂါးဟာ ဟောလီးဝုဒ်မြို့က လူဆိုးဂိုဏ်းတစ်ဦးကိုဦးစီးနေကြောင်း သိလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ လူနာဒါဘေးဂိုဏ်းဟာ ပြည်နယ်တစ်ခုလုံးက ကမ်းခြေတွေကိုကြီးစိုးထားပြီး ဂလက်ဆီလို့ ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးကိုဖြန့်ချိနေတာကို သိလိုက်ရချိန်မှာတော့ ဒေါလ်တန်တစ်ယောက် လူနာဒါဘေးဂိုဏ်းကို ဖြိုခွဲဖို့ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားက 2023 မှာထွက်ရှိခဲ့တဲ့ Action/Drama အမျိုးအစားဖြစ်ပါတယ်။ ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး Elite Marketing Excellence ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သမားရိုးကျ အက်ရှင်ကားဖြစ်ပြီး Match-Stick Flame 2 ကိုနားလည်ဖို့အတွက် ပထမဇာတ်ကားကိုကြည့်စရာမလိုပါဘူး။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |