
The Lover in the Attic: A True Story (2018) ” မိသားစုနှင့် အတူကြည့်ရှုရန်မသင့်တော်သောအခန်းများ ပါရှိပါသည် “ ဒီကားကတော့ ၁၉၂၀ပြည့်နှစ်များအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နာမည်ကြီး တကယ့်ဖြစ်ရပ်မှန်အကြောင်းအရာအပေါ် အခြေခံထားတဲ့ မိသားစုတစ်စုအတွင်းက အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ လူသတ်မှုတို့ကို ရင်ဖိုဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းလေးဖြစ်ပြီး Rating တွေအနေနဲ့ကတော့ IMDb – 5.3/ 10 / Rotten Tomatoes – 60% အသီးသီးရရှိထားပါတယ်။ ညှို့ဓာတ်ပြင်းတဲ့ ဒေါ်လီတစ်ယောက်ဟာ အထည်အလိပ်စီးပွားရေးလုပ်ငန်းရှင်ကြီး ဖရဒ်အော်စရစ်နဲ့လက်ထပ်ထားပါလျက်နဲ့ မိဘမဲ့တစ်ကောင်ကြွက်လည်းဖြစ် တစ်ဖက်မှာဝမ်းရေးအတွက် အပ်ချုပ်စက်ပြင်ပြီး တစ်ဖက်မှာဇာတ်လမ်းတွေရေးရတာကိုသဘောကျတဲ့ အော်တိုဆိုတဲ့ကောင်ငယ်လေးကို မြှူဆွယ်ဖြားယောင်းပြီး ခင်ပွန်းမသိအောင် အိမ်ထပ်ခိုးမှာခေါ်သွင်းပြီး စားနေကျဖြစ်ပါတယ်။ အော်တိုဟာ ဖရဒ်ရှိတဲ့အချိန် အောက်ထပ်မှာဖြစ်ပျက်သမျှ၊ ကြားရသမျှကို ချစ်စိတ်တစ်ခုတည်းနဲ့ ခါးစည်းသည်းခံကာ ထပ်ခိုးကကြွက်တစ်ကောင်လို ပိပိရိရိနေထိုင်ခဲ့တယ်။ ဒေါ်လီနဲ့ အော်တိုတို့ရဲ့ အချစ်မီးတောက်ဟာ ဒေါ်လီ ၃၃နှစ်၊ အော်တို ၁၇နှစ်မှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ဘဝရဲ့အကောင်းဆုံး ငယ်ရွယ်ပျိုမြစ်ချိန်တွေကို ဆောင်းနွေမသိဘဲ အခန်းသော့ပိတ်ခံ ကုန်ဆုံးခဲ့ရပြီး တဖြည်းဖြည်းနဲ့ဘယ်လိုပေါက်ကွဲမိမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 700MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 27Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 720p | 700MB | Download | |
| 720p | 700MB | Download | |
| 720p | 700MB | Download | |
| 720p | 700MB | Download | |
| 720p | 700MB | Download | |
| 720p | 700MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.3 / 10
Director