
ပြင်သစ်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့မှာ မိသားစုတစ်စုလုံးအသတ်ခံလိုက်ရပြီး သေခါနီးဆဲဆဲ ဖြစ်နေတဲ့ ယောကျာ်းလေးတစ်ယောက်ကိုတော့ ဆေးရုံတင်ပေးလိုက်နိုင်ခဲ့ပါတယ်။ အချိန်မီဆေးရုံရောက်လာလို့ လူနာက အသက်ရှင်ပေမယ့် ကိုမာ (coma) ဝင်ပြီး (၃)နှစ်လောက်မေ့သွားပြန်ပါတယ်။ ပြန်သတိရလာတော့လည်း အိမ်မှာ ဖြစ်ခဲ့တာတွေကို သေချာမမှတ်မိတော့ဘဲ အတိတ်မေ့နေပါတယ်။ မိသားစုတစ်ခုလုံး အသတ်ခံရတဲ့အမှုမှာ အမှုမှန် ပေါ်ပေါက်ဖို့ သူသည်သာ မျှော်လင့်ချက်ဖြစ်နေတဲ့အတွက် စိတ်ပညာရှင်ဒေါက်တာအန်နာက သူ့အတိတ်ဖြစ်ရပ်ကို ကူညီဖော်ထုတ်ပေးပါတော့တယ်။ စတင်မေးမြန်းရာမှာပဲ တစ်မိသားစုလုံးအသတ်ခံရပေမယ့် သူ့အစ်မလော်ရာ ပျောက်နေတာကို သတိထားမိသွားပါတယ်။ လူသတ်သမားအစစ်ကိုရော မိနိုင်ပါ့မလား? ပျောက်နေတဲ့ လော်ရာ ကပဲ မိသားစုတစ်ခုလုံးကို သတ်ဖြတ်သွားတာဖြစ်နေမလား? သူ့အတိတ်ကရော သူထင်သလို ဖြစ်ပါ့မလား? ဆိုတာ ကို ဇာတ်လမ်းလေးကြည့်ရင်း စိတ်ပညာမေးခွန်းတွေ၊ ကုသနည်းတွေနဲ့ ကြိုးစားပြီး အဖြေရှာကြတာပေ့ါဗျာ။ Psycho၊ Shutter Island တို့လို ဂန္ဓဝင် စိတ္တဇဇာတ်လမ်းတွေနဲ့ မယှဉ်သာနိုင်ပေ မယ့် သူအတိုင်းအတာနဲ့သူ သည်းထိတ်ရင်ဖိုခံစားချက်တွေ ပေးစွမ်းနိုင်တဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Ko Myo (Kop) ပါ။) File Size : 964MB, 389MB, 210MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 32mins Genre : Drama, Mystery, Thriller Translated by Ko Myo (Kop) Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 964MB | Download | |
| 720p | 389MB | Download |