
The Lost King (2022) The Shape of Water မင်းသမီးကြီး Sally Hawkins ရဲ့ ဖြစ်ရပ်မှန် Historical Comedy ရုပ်ရှင်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.6/10, RT – 66% ရရှိထားတာဖြစ်ပြီး ၁၅ရာစုနှစ်တုန်းက ဗြိတိန်ဘုရင်ဖြစ်ခဲ့တဲ့ King Richard III အကြောင်းကို ဖြစ်ရပ်မှန်ပေါ်အခြေတည် ဇာတ်လမ်းဆင် ရိုက်ကူးထားတာဖြစ်ပါတယ်။ အပျော်တမ်းသမိုင်းလေ့လာသူ၊ အိမ်ထောင်ရှင်၊ အလုပ်သမားဖြစ်တဲ့ Phillipa Langley ဟာ အထက်လူကြီးနဲ့ အဆင်မပြေမှုတွေကြောင့် အလုပ်မှာ ထိုက်သင့်တဲ့နေရာကို မရသလို အိမ်ထောင်ရေးကံလည်း မကောင်းလို့ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူပါ။ တစ်ညမှာတော့ သားဖြစ်သူနဲ့ ရှိတ်စပီးယားပြဇာတ်သွားကြည့်ရင်း ပြဇာတ်မှာပါတဲ့ King Richard III အကြောင်း စိတ်ဝင်စားသွားခဲ့ပါတယ်။ King Richard III ဆိုတာ အင်္ဂလန်သမိုင်းကြောင်းမှာ နှယ်နှယ်ရရ မဟုတ်ဘဲ အစ်ကိုတော် Edward IV ရဲ့သား သူ့ရဲ့တူတော်တွေကို လုပ်ကြံပြီး နန်းလုခဲ့သူ၊ ခါးမှာ ဘို့ကြီးနဲ့ ဆိုးရွားတဲ့ရုပ်အဆင်းရှိသူ ရက်စက်တဲ့ဘုရင်အဖြစ် သမိုင်းစာအုပ်တွေထဲမှာ အာဘော်တူတူပဲ ဖော်ညွှန်းထားတာပါ။ ရှိတ်စပီးယားပြဇာတ်ထဲမှာလည်း အလားတူ ပုံဖော်ရေးသားထားတာပါ။ Phillipa က အဆိုပါသမိုင်းကိုရော ပြဇာတ်ကိုရော အစစ်အမှန်လို့ မယုံကြည်ဘဲ Tudor မင်းဆက်ရဲ့ Richard III အပေါ် ဂုဏ်သိက္ခာချတာလို့ တရားသေစွဲမှတ်ရင်း သူနဲ့အမြင်တူတဲ့ သမိုင်းလေ့လာသူ ဝါသနာရှင်တွေနဲ့ပေါင်းပြီး သမိုင်းကြောင်းအမှန်ကို သိအောင်လေ့လာရင်း Richard III ရဲ့ရုပ်အလောင်းနဲ့ပတ်သက်ပြီး တိတိကျကျသိထားတာမရှိခဲ့သလို မြုပ်နှံထားတဲ့နေရာကိုပါ မသိလို့ Phillipa တစ်ယောက် ရုပ်အလောင်းကိုရှာဖို့ စတင်ကြိုးစားပါတော့တယ်။ အလယ်ခေတ်နှောင်းပိုင်း၊ ရီနေးဆန့်ခေတ်အစဖြစ်ခဲ့တဲ့ ၁၅ ရာစုရဲ့ သမိုင်းဝင်ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ Richard III ကို ခုခေတ်ကြီးမှာ ပြန်ရှာဖွေ တူးဖော်ဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ကိစ္စပါ။ အဲဒါကို Phillipa က တကယ်ကြီး လုပ်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ခဲ့မှုအတွက်လည်း အင်္ဂလန်ဘုရင်မကြီးက သူ့ကို MBE ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ အဲဒီလို အင်္ဂလန်ရဲ့ တကယ့်သမိုင်းဝင်အခိုက်အတံ့တစ်ခုကို ဖော်ထုတ်ခဲ့တဲ့အကြောင်းတွေကို ပြန်ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို JimX နဲ့ Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by JimX & Htet Kyaw Myo Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.6 / 10
Director