
The Longest Nite (1998) ================= IMDb Rating - 7.2/10 Johnnie To ရိုက်တဲ့ Electionလို ဟောင်ကောင်ဂန်းကားတွေကို ကြိုက်တဲ့လူတွေအတွက် ဒီကားက ရွှေပဲ။ ဇာတ်အိမ်ကလည်း ထူး တယ်။ မကာအိုမှာ ဂိုဏ်း၂ဂိုဏ်းအပြိုင်ကြဲနေတယ်။ သူတို့အထက် က လူတစ်ယောက်က သူတို့ဂိုဏ်း၂ဂိုဏ်းကို ကစားဖို့လုပ်တယ်။ တိုနီလျောင်ရဲ့ကာရိုက်တာရဲမှူးက မကောင်းတဲ့ရဲဆိုတော့ တစ်ဂိုဏ်း ဘက်ကပါပြီး မကောင်းတာလုပ်သမျှကို ဖြေရှင်းပေးနေကျကောင်။ ဒီတော့ သူနဲ့ကြည်နေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဒီဂိုဏ်း၂ဂိုဏ်းကို ကစားနေတဲ့လူရဲ့ ကစားကွက်ထဲသူပါပါသွားတယ်။ ဒီလိုနဲ့ သူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာရော။ အဲဒီညတစ်ညကို ရိုက်ပြ ထားတာ။ တစ်ညကိုပဲ ရိုက်ပြထားတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်း အရှည်ဆုံးညပဲ။ ပြောရရင် ဂန်းကားပဲကြိုက်ကြိုက်၊ မှုခင်းကားပဲ ကြိုက်ကြိုက်၊ ဟောင်ကောင်ကားတွေပဲကြိုက်ကြိုက် ကြည့်ကို ကြည့်သင့်တဲ့ တကယ့်ကားကောင်းပဲ။ ကားကောင်းဆိုတာကို မပြော လည်းပိုသေချာနေတဲ့အချက်က ဒီကားဒါရိုက်တာနာမည်ခံက Patrick Yauပေမဲ့ တကယ်တမ်း ဒီကားတစ်ကားလုံး နီးပါးကို Johnnie To ရိုက်ခဲ့တာပါလို့ နောက်ပိုင်းမှာ ဒီကားရဲ့ဇာတ်ညွှန်းကို အဓိကပြန်ပြင်ခဲ့ တဲ့လူနဲ့ Johnnie Toနဲ့ ဒီကားကိုပူးတွဲထုတ်လုပ်ခဲ့တဲ့လူ Wai Ka-faiက ပြောခဲ့တယ်။ သူလည်းခေတော့မခေဘူး။ Johnnie Toရိုက်တဲ့ ဟောင်ကောင်ဂန်း ကားတိုင်း ကောင်းတယ်ဆိုကြသလို အဲဒီကားတစ်ဝက်လောက်ကို Wai Ka-faiက ဇာတ်ညွှန်းရေးခဲ့ထုတ်ခဲ့တာ။ ဒီကားကလည်း သူတို့ စစပူးတွဲလုပ်ခဲ့တဲ့ကားပဲ။ ပြောရရင် ဒီကားက Johnnie Toနာမည်မခံ ထားခဲ့ပေမဲ့ Johnnie Toအပြည့်ရိုက်ထားတဲ့ကားပဲ။ Johnnie Toက နောက်ပိုင်းကားမရိုက်တော့ပေမဲ့ သူရိုက်ခဲ့သမျှ တစ်ကားမှပစ်စရာ မရှိတာ သူ့ကားတွေကြည့်ဖူးတဲ့လူတွေတော့ ကောင်းကောင်းသိမှာပဲ။ အာရှဖန်တစ်ချို့ဆို သူရိုက်သမျှက မာစတာပိစ်လို့တောင်ပြောကြတယ်။ ဒီကားက ဘယ်လိုကားလဲဥပမာပေးရရင် Face OFf ကို မကာအိုမှာ ဇာတ်အိမ်တည်ထားသလိုလို ကားပဲ။ တစ်ညတည်းဖြစ်နေတာတွေကို ပြထားတာတောင် ဇာတ်က တော်တော်ကြည့်ကောင်းတယ်။ မင်းသား တွေကလည်း စမောလ်တိုနီခေါ် တိုနီလျောင်ချူဝေ နောက် Johnnie Toရဲ့ ပင်တိုင်မင်းသားလိုဖြစ်နေတဲ့ Sean Lau။ ၂ယောက်လုံး ဒိတ်ဒိတ် ကြဲတွေပဲ။ Johnnie To*ရိုက်တာလို့ နာမည်မတပ်ထားပေမဲ့ နောက်ပိုင်း ကားတွေဟာ ဒီကားရဲ့လွှမ်းမိုးမှူမကင်းလောက်ဘူးလို့ ထင်ရတဲ့အထိ သူ့အရသာအပြည့်ပါတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.1 GB) / (913 MB) / (514 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Mystery Translator.......WiRa Aung Encoder..........SWM