
ကွာရှင်းတော့မယ့် မိဘတွေကြောင့်နဲ့ စိတ်ဆင်းရဲရပေမယ့် သူ့ရဲ့စိတ်ခံစားချက်ကို ထုတ်မပြောဘဲ အဆင်ပြေချင်ယောင်ပဲဆောင်နေခဲ့တဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်။ မိဘတွေကွာရှင်းပြီးတော့ အာလန်လေးဟာ အဖေဖြစ်သူနဲ့အတူတူ နေရာအသစ်ကိုပြောင်းရွှေ့ခဲ့ကြပါတော့တယ်။ အာလန်လေးတို့ပြောင်းတဲ့နေရာအသစ်မှာနေတဲ့ ယူအက်ဖ်အိုကလပ်ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူဟာ အမြဲတမ်း ဂြိုဟ်သားတွေကို ထောက်လှမ်းနေရာကနေ အာလန်လေးရောက်လာတဲ့အချိန်မှာပဲ ထူးထူးဆန်းဆန်း ဂြိုဟ်သားတွေဆီကနေ တုံ့ပြန်ချက်တွေရခဲ့ပါတော့တယ်။ အဲဒီမှာ ဒုဥက္ကဋ္ဌဟာ အာလန်လေးကို ဂြိုဟ်သားလို့ထင်သွားရာကနေ သူတို့နှစ်ယောက်တွေ့ဆုံကြရင်း တကယ်ပဲ ဂြိုဟ်သားမလေးနဲ့ တွေ့ဆုံကြတဲ့အချိန်မှာတော့ …… အာလန်လေးနဲ့ ဂြိုလ်သားမလေးတို့ တွေ့ဆုံကြရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(1.4 GB)/(704 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Animation, Adventure,, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura