
ကျွန်တော်တို့ရဲ့ ကလေးဘဝ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။ အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို့ နည်းမျိုးစုံရှာဖွေနေပါပြီ။ ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့ အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ…. ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့ စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး မ်ဘွန်ဂါ အပြင် သူ့ကို စွန့်ခွာသူအဖြစ်သတ်မှတ်လိုက်တဲ့ လူဝံအုပ်စုတွေ ကြားထဲမှာ ရုန်းကန်ရင်း……. ကျွန်တော့်အတွက်တော့ တာဇံရဲ့ စွန့်စားခန်းတွေနဲ့ တိရစ္ဆာန်တွေကို ငယ်ငယ်တုန်းကလိုပြန်ကြည့်ရတဲ့ အရသာကတော့ တကယ်ကို ပြည့်စုံတယ် ပြောရမှာပါပဲ။ IMDb Rating (6.3) ရရှိထားပါတယ်..ခံစားအားပေးကြပါဦး။ File size…(4.8 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:49:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Little Neo
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | 4.8 GB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 999 MB | Download | |
| 4K | 4.8 GB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 999 MB | Download |