
2024 ရဲ့နှစ်ဦးပိုင်းမှာ Netflix ကနေ Streaming လုပ်ထားတဲ့ Sci-fi/ Drama/ Thriller ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Sci-fi နဲ့ Animation Director တစ်ယောက်ဖြစ်တဲ့ Kibwe Tavares နဲ့ Co-Director အဖြစ် Black Panther တို့ Spider Man:Across the Spider-Verse တို့တွေထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Oscar ဆုရသရုပ်ဆောင် Daniel Kaluuya တို့ပူးပေါင်းဖန်တီးထားပြီး England Film Actor/Producer/ Director တစ်ယောက်ဖြစ်တဲ့ Kano(IV) နဲ့ ကလေးသရုပ်ဆောင် Jedaiah Bannerman တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါ ဇာတ်အိမ်လေးကတော့ မိမိတို့ရဲ့လက်ရှိနေရာကနေဘယ်လိုမှမခွာနိုင်တဲ့ Kitchen လို့အမည်ပေးထားတဲ့ လူနေရပ်ကွက်တစ်ခုမှာ ကျွန်တော်တို့လူသားသမိုင်းရဲ့ မလွှဲမရှောင်သာဖြစ်လာတော့မယ့် လူတန်းစားခွဲခြားတာ၊ ရက်စက်ကြမ်းကြုတ်တာ၊ နိုင်ထက်စီးနင်းလုပ်တာ နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး လူသားချင်းသာတူညီမျှမှုမရှိတော့ဘဲ လူတန်းစားကွာခြားမှုပိုပိုများလာပြီး အဖိနှိပ်ခံနဲ့ အသာစံ လူတန်းစားနှစ်ရပ်ကြားက ကျောတစ်ခင်းစာနဲ့ စားစရာအတွက် စိတ်မချမ်းသာစရာ ပဋိပက္ခတွေကြားက London မြို့ကြီးရဲ့ မဝေးတော့တဲ့အနာဂတ်တစ်ခုရဲ့ လူ့အဖွဲ့အစည်းကြီးအကြောင်းကို ရိုက်ကူးထားတာပါ သေပြီးသွားတဲ့နောက် မြေချစရာနေရာအတွက်တောင် မတတ်နိုင်တဲ့လူတန်းစားတစ်ရပ်အတွက် Life After Life ဆိုတဲ့ Company Service တစ်ခုကနေ သေပြီးသွားတဲ့လူတွေကို ပြာချပြီး သစ်ပင်တစ်ပင်အဖြစ်ပြောင်းလဲပြီး ဘယ်နေရာမှန်းမသိတဲ့နေရာတွေမှာ သဘာဝပတ်ဝန်းကျင်အတွက်အကြောင်းပြပြီး ပြောင်းရွှေ့စိုက်ပျိုးခြင်းခံရတယ် Kitchen မှာနေထိုင်တဲ့ အိဇီ ဆိုတဲ့တစ်ကောင်ကြွက်တစ်ယောက်ဟာ အဲဒီ service မှာအလုပ်လုပ် ငွေစုပြီး Kitchen ဆိုတဲ့ ချီးတွင်းထဲကနေရုန်းထွက်ပြီး လူလတ်တန်းစားဘဝတစ်ခုမှာ နေစရာတိုက်ခန်းတစ်ခုရဖို့အတွက်ကို အသည်းအသန်ကြိုးစားနေရတဲ့လူတစ်ယောက်ပေါ့ တနေ့တော့ မမျှော်လင့်ထားဘဲနဲ့ သူတို့ service မှာ အသုဘလာလုပ်တဲ့ သေဆုံးသူအမျိုးသမီးရဲ့ ဘင်ဂျီ ဆိုတဲ့ကျန်ရစ်သူ တစ်ကောင်ကြွက်သားတစ်ယောက်အဖြစ်နဲ့တွေ့ဆုံပြီး သူဘဝရဲ့ ကြိုးစားမှုအလှည့်အပြောင်းတွေနဲ့ အဖိနှိပ်ခံ Kitchen သားတွေရဲ့ အုံကြွမှုတွေကြားမှာ ဘဝကို ဘယ်လိုရုန်းကန်ကြမလဲဆိုတာကိုတော့……. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.9 GB)/(996 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Science Fiction, Thriller, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 720p | 996MB | Download | |
| 720p | 996MB | Download | |
| 720p | 996MB | Download | |
| 720p | 996MB | Download | |
| 720p | 996MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.0 / 10
Director