
CM Fan တွေကို ဒီတစ်ခါတော့ အရမ်း ရို ရတဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် The Kissing Booth ပါတဲ့ ဒီဇတ်လမ်းမှာ အဓိက ကတော့ အလ် ဆိုတဲ့ ကောင်မလေးပါ ငယ်ငယ်ကတည်းက သူမ အမေ ရဲ့ BF မှာလဲ သူနဲ့ တစ်ပြိုင်ထဲ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ရှိနေပါတယ် လီ လို့ ခေါ်တဲ့ ကောင်လေးပေါ့ လီ နဲ့ အလ် က မွေးဖွားတဲ့နေ့ တွေ အချိန်တွေ တူတဲ့ အမွှာတွေလို ဖြစ်ပြီး မိခင် ၂ ယောက်ထက်တောင် ပိုပြီး BFF ဖြစ်လာခဲ့ပါတယ် ဘယ်သွားသွား အတူတူ ဘာလုပ်လုပ် အတူတူပါပဲ ၂ ယောက်ကြားမှာ ဘာလျို့ဝှတ်ချက်မှ မထားခဲ့ပါဘူး ဒါပေမယ့် သူတို့မှာ စည်းကမ်းတော့ ရှိပါတယ် တစ်ယောက် ရည်းစားထားရင် တစ်ယောက်က သဘောတူရမယ် သဘောမတူရင်လဲ လုံး၀ လမ်းခွဲရမယ်ဆိုတာမျိုးတွေပေါ့ ဒါပေမယ့် အဲ့ဒီ ကတိကို စပြီး ချိုးဖောက်မိတာကတော့ လီ ရဲ့ အကိုဖြစ်သူ နိုအာ ကြောင့်ပါပဲ... နိုအာ က စော်ကြည်ဘဲ ကျောင်းရဲ့ ဖိုက်တာပေါ့ အငယ် ၂ ကောင်ဖြစ်တဲ့ လီ နဲ့ အလ် ကို နှောက်ယှက်သူ ရှိရင် ဝင်ပြီး လက်နဲ့ ဖြေရှင်းတက်သလို အမြဲတမ်း မာမာ ကျောကျော နေတက်သူမို့ အလ် ကတော့ ပိုပြီး Crush နေခဲ့ရတာပါပဲ.... ဒီဇတ်လမ်းလေး ကြည့်စ တုန်းမှာ ဟာ ကောင်မလေးက ရုပ်ဆိုးလိုက်တာပေါ့ ပါးစပ်ပြဲပြဲလေး နဲ့ ဘယ်လိုလေးမှန်း မသိဘူး ဘာညာ စဉ်းစားမိသေးတယ် ဒါပေမယ့် ဇတ်လမ်းကို ကြည့်နေရင်းမှာ ဒီကောင်မလေးက အင်မတန် ချစ်ဖို့ကောင်းလာပါတယ် ဇတ်လမ်းလေးကလဲ ဒီ ၃ ယောက်လိုပဲချစ်ဖို့ကောင်းပါတယ် ဇတ်လမ်းလေးက နည်းနည်းတော့ ငိုရမယ် ဒါပေမယ့် ရယ်ရတဲ့ အခန်းက ပိုများတယ် Happy Ending ဖြစ်မယ်လို့ Admin ကတော့ ပြောချင်ပါတယ်... ဘာကိုမှ အရမ်း မမျှော်လင့်ပဲ လွတ်လွတ်လပ်လပ်လေး ကြည့်မယ့်သူတွေ အတွက် သင့်တော်ပါတယ်... ဆက်လက်ကြည့်ရှုလိုက်ကြပါ.... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Hein Thet Naing ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |