
ဂျိန်းစဘွန်းမင်းသားကြီ: Pierce Brosnan နဲ့ အချောအလှလေး Bingbing Fan Kaya Scodelario တို့ပါဝင်ထားတာနဲ့ ဒီကားက ကြည့်ဖို့တန်နေပါပြီ... 1997 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Moon and The Sun ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ Adventure/Fantasy ဇာတ်ကားဖြစ်ပါတယ် Mermaid ခေါ် ရေသူမ ဆိုတဲ့ဒဏ္ဍာရီလာ ရေနေသတ္တဝါတွေအကြောင်း ပုံပြင် ဇာတ်လမ်းတွေ အများကြီးကြည့်ရှူဖူးကြမယ်လို့ထင်ပါတယ်.. ဒီကားလေးကလည်း အဲဒီလိုကားတွေထဲက တစ်ခုဖြစ်တာမို့ စိတ်ဝင်စားရင် တကယ် လက်မလွှတ်သင့်ပါဘူး ဝတ္တုကိုက ဆုရထားတာမို့လို့ပါ... အချိန်ကာလအားဖြင့် ၁၈ ရာစုဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ လူးဝစ် ၁၄ ဆိုတဲ့ ရှင်ဘုရင်တစ်ပါးစိုးစံလျက်ရှိပါတယ် ပြင်သစ်ဟာ မကြာသေးခင်ကမှ စစ်နိုင်ထားကာ ပြန်လည်ထူထောင်စ ဖရိုဖရဲ အခြေအနေပါ ရန်သူတွေကလည်း ပတ်လည်ဝိုင်းနေတာပေါ့... တစ်နေ့မှာတော့ တော်ဝင်သမားတော်က ထာဝရရှင်သန်နိုင်စေမယ့်နည်းလမ်းကို ရှာတွေ့ထားတယ်လို့ လျှောက်တင်လာပါတယ် အဲဒါကတော့ နေကြတ်ချိန်မှာ ဒဏ္ဍာရီလာ ရေသူမရဲ့ နှလုံးကို ရှင်ဘုရင်ထံ လွှဲပြောင်းဖို့ပါပဲ မသေချင်တဲ့ ရှင်ဘုရင်ဟာလည်း သတ္တိရှိတဲ့ မာလိန်မှူးတစ်ယောက်ကို ရေသူမအရှာထွက်ခိုင်းလိုက်ပါတော့တယ် မရှေးမနှောင်းမှာပဲ နန်းတွင်းထဲကို မိန်းမပျိုလေးတစ်ဦးရောက်လာပါတယ် သူကတော့ ပင်လယ်ကမ်းစပ်က မယ်သီလရှင်ကျောင်းတစ်ကောင်းမှာ မိဘမဲ့ကလေးလို ကြီးပြင်းခဲ့ရတဲ့ ဘုရင့်သမီးတော်လေး မယ်ရီဂျိုးဇက်ပါပဲ နန်းတွင်းထဲ ရောက်လာပြီးနောက် ရှင်ဘုရင်က ဖခင်ဖြစ်သူမှန်းမသိတဲ့ မယ်ရီဂျိုးဇက်ရယ် မာလိန်မှူးအိဗ် ရှာတွေ့လာမယ့်ရေသူမရယ်နဲ့ ဘာတွေဆက်ဖြစ်ကြလဲဆိုတာကတော့ ကိုယ်တိုင်ပဲ… File Size : (1.35GB )(881 MB) and (380 MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:30:00 Genre : Adventure, Action, Family Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download | ||
| 1080p | Download | ||
| 720p | Download |