
အသစ်ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကားလေးဖြစ်ပါတယ်။ Crime/Thriller အမျိုးအစားဖြစ်ပြီး ၁၉၇၀ ကျော်ခုနှစ်တွေက အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ Ruth Finley ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Lois & Clark စီးရီးထဲက Louis Lane အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Teri Hatcher က Ruth Finley အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ၁၉၈၀ မတိုင်မီကာလတွေမှာ အမေရိကန်ပြည်ထောင်စု ကန်းဆတ်စ်ပြည်နယ် Wichita မြို့မှာ BTK killer ဆိုတဲ့ ကွင်းဆက်လူသတ်သမား တစ်ဦး သောင်းကျန်းနေခဲ့ပါတယ်။ Ruth ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူ Ed Finley နဲ့အတူ Wichita မြို့မှာနေထိုင်ပါတယ်။ တစ်နေ့မှာ ခင်ပွန်းဖြစ်သူ နှလုံးရောဂါကြောင့် ဆေးရုံတင်လိုက်ရပြီး မကြာခင်မှာပဲ Ruth ဆီကို အမည်မသိလူတစ်ဦးကနေ ဖုန်းခေါ်ဆိုမှုတွေ၊ ခြိမ်းခြောက်စာတွေ ရရှိလာပါတော့တယ်။ Ruth နောက်ကိုလည်း တစ်စုံတစ်ယောက်က ထက်ကြပ်မကွာ နောက်ယောင်ခံစောင့်ကြည့်နေသလို ခံစားမိတာကြောင့် ရဲတိုင်ခဲ့ပေမဲ့လည်း ထူးဆန်းစွာနဲ့ သဲလွန်စတစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။ Ruth ကို နောက်ယောင်ခံလိုက်နေသူက နာမည်ကြီး BTK killer ပဲလား၊ တခြားတစ်ယောက်လား၊ Ruth တစ်ယောက် ဒီလိုကြုံတွေ့နေခြင်း နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုခုရှိလား ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက TV ရုပ်သံလိုင်းကနေ ပြသတဲ့ ရုပ်ရှင်ဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်က ရိုးရှင်းပေမဲ့ အချိန်ပေးကြည့်ရှုလို့ အဆင်ပြေမဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာကြောင့်လည်း ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ File size…(647 MB) Quality….Webdl 720p Format…mp4 Duration….01:27:00 Genre… TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfanheim