
The Kill List (2020) ******************* ဒူးတံတောင်မင်းသားလို့ နာမည်ကြီးတဲ့ Ong Bak ဇာတ်ကားထဲက မင်းသားပါဝင်ထားတဲ့ အက်ရှင်အကြမ်းစားဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်… ငယ်စဉ်အခါမှာ မိဘတွေ အသက်ဆုံးပါးသွားရပြီးတော့ ညီမဖြစ်သူနဲ့ပါ ရှင်ကွဲကွဲခဲ့ရတဲ့ အန်ဂျီဆိုတဲ့ ကောင်မလေး… သူဟာ ဦးလေးရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့ရသူပေါ့…အန်ဂျီရဲ့ အဖေရော ဦးလေးကပါ အာဏာကြီးတဲ့ အဖွဲ့အစည်းကြီးတစ်ခုရဲ့ လက်အောက်ခံတွေဖြစ်ကြပြီး အန်ဂျီ့အဖေဟာ အဲဒီအဖွဲ့အစည်းထဲက အဖွဲ့ဝင်တွေကို ဖော်ထုတ်ဖို့ကြိုးစားမှုနဲ့ သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်… ဖခင်သေဆုံးပြီးနောက်မှာတော့ တစ်ဦးတည်းသော ညီမလေးနဲ့လည်း ရှင်ကွဲကွဲခဲ့ရပါတယ်…ဦးလေးရဲ့ လက်အောက်ကိုရောက်လာတဲ့ အန်ဂျီတစ်ယောက် မိဘတွေကို သတ်ခဲ့တဲ့သူတွေကို လက်တုံ့ပြန်နိုင်ဖို့အတွက် အထူးအေးဂျင့်တစ်ယောက်လို ကျွမ်းကျင်တဲ့ ကိုယ်ခံပညာ သင်ကြားခဲ့ပြီးနောက်မှာတော့ သူ့မိဘတွေကို သတ်ခဲ့တဲ့ အဖွဲ့အစည်းရဲ့ လက်အောက်မှာပဲ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်…ဒီလိုနဲ့ အဖွဲ့အစည်းက လုပ်ခိုင်းတဲ့အလုပ်တွေကို နီနာဆိုတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်နဲ့အတူလုပ်ရင်း လွဲချော်မှုလေး အနည်းငယ်ရှိသွားတဲ့ အခါမှာတော့ အန်ဂျီတစ်ယောက် အဖွဲ့အစည်းရဲ့ သစ္စာဖောက်အဖြစ်ကိုရောက်ရပါတော့တယ်…သစ္စာဖောက်ဆိုရင် ရှင်းထုတ်ခံရမဲ့လူစာရင်းထဲပါမှာဆိုတော့ အန်ဂျီတစ်ယောက် အသက်ရှင်ဖို့အတွက် ဘယ်လိုရုန်းကန်မလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကို အက်ရှင်ကြမ်းကြမ်းတွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ CharOu ပဲဖြစ်ပါတယ် File Size : 1.57GB / 749MB Quality : WEB-DL 1080p / 720p Duration : 1h 50m Genres : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by Heather Oo
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.57GB | Download | |
| 1080p | 1.57GB | Download | |
| 1080p | 1.57GB | Download | |
| 1080p | 1.57GB | Download | |
| 720p | 749MB | Download | |
| 720p | 749MB | Download | |
| 720p | 749MB | Download | |
| 720p | 749MB | Download | |
| 720p | 749MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.0 / 10
Director