
The Immaculate Room (2022) ======================= ကိတ် နဲ့ မိုက်ကီ တို့စုံတွဲနှစ်ယောက် The Immaculate Room ဆိုတဲ့ ဘာမှမရှိ တစ်ခန်းလုံးအဖြူရောင်ချည်းပဲဖြစ်နေတဲ့ အခန်းထဲကို ဆုငွေ ဒေါ်လာ ၅ သန်းရဖို့အတွက် ရက်ပေါင်း ၅၀ နေဖို့ရောက်လာကြတယ်။ သူတို့လုပ်ရမှာတွေကတော့ ခပ်ရှင်းရှင်းလေးတွေပါပဲ။ သူတို့ကျွေးတဲ့ အရသာအရည်တစ်မျိုးကို တစ်နေ့သုံးနပ် သုံးဆောင်ရမယ်။ ပြိုင်ပွဲဝင် နှစ်ယောက်ထဲကတစ်ယောက်ထွက်တာနဲ့ ဆုကြေးငွေကို ဒေါ်လာ (၁) သန်းအထိလျှော့ချလိုက်မှာဖြစ်တယ်။ ပြီးတော့ သူတို့စည်းကမ်းချိုး ဖောက်ဖို့လုပ်တာနဲ့ သတိလှမ်းပေးတဲ့ အချက်ပြစနစ်တွေလည်းတပ်ထားတယ် ဆိုတော့ကား survival ကားတွေရဲ့ ထုံးစံအတိုင်း ပထမတစ်ရက်နှစ်ရက် လောက်က စကားပြောလိုက် ဘာလုပ်လိုက်ညာလုပ်လိုက်နဲ့ပေါ့။ နောက်ရက်တွေကြာလာတဲ့အခါမှာ လူ့သဘာဝအရ ဒုက္ခတွင်းထဲရောက်နေတာ အချိန်တွေကြာသွားတော့ သူတို့ရဲ့ မကောင်းတဲ့ အတွင်းစိတ်တွေက တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ လူနည်းနည်းလေးနဲ့ကို အတော်လေးစိတ်ဝင်စားစရာကောင်းအောင်ရိုက်ထားပြီး၊ အတော်လေးမိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Khant Sett Naing, May Thet Khine Soe တို့ဖြစ်ပါတယ်)