
စိတ်ရောဂါအကြောင်း၊ စိတ်ရောဂါနဲ့ပတ်သက်လို့ ပြောကြတဲ့အခါ စိတ်ရောဂါမျိုးစုံလည်းရှိတဲ့အပြင် အဲဒီ့စိတ်ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရာမျိုးစုံကလည်းစုံလင်လှသဗျာ၊ စိတ်ရောဂါဆိုတာလည်း စိတ်ဒဏ်ရာခဏခဏရတာမျိုးတွေကနေဖြစ်တတ်တော့ စိတ်ရောဂါနဲ့စိတ်ဒဏ်ရာဟာ အညမညသဘောနဲ့ အတူတွဲနေတတ်တယ်ဗျ။ အိမ်ရာတစ်ခုထူထောင်ကြပြီဆိုရင် အိမ်ထောင်ဦးစီးဆိုတဲ့ အမျိုးသားဖြစ်သူက ဒီစိတ်ပိုင်းဆိုင်ရာကိစ္စကို သိပ်ပြီးဂရုစိုက်ရတယ် သားသမီးမွေးတဲ့အခါပိုဆိုးတယ်၊ ကိုယ့်သားသမီး ကိုယ့်ရဲ့လက်တွဲဖော်သူတို့တွေစိတ်ဒဏ်ရာမရအောင် သူတို့တွေအပေါ်မှာ မရက်စက်မိအောင်ဒါတွေက သိပ်ကိုအရေးကြီးတယ်။ဒီဇာတ်လမ်းကတော့ အိမ်ထောင်ဦးစီးမပီသတဲ့ယောက်ျားတစ်ယောက်နဲ့ သူ့အမျိုးသမီးရဲ့ စိတ်ဒဏ်ရာ သူ့သမီးလေးနေထိုင်ရတဲ့ပတ်ဝန်းကျင်ဒါမျိုးတွေကို သေချာလေးဖော်ညွန်းထားနိုင်တဲ့ ဇာတ်ကားမျိုးလို့ဆိုရမယ်။ ပုံမှန် သရဲပေါကားတွေလိုမျိုးအကောင်ကြီးတွေဘွားဆိုပေါ်လာမယ်၊ လန့်သွားမယ် ဟောပြီးသွားပြီ ဒါမျိုးကားမျိုးတွေသဘောကျတတ်ရင်တော့ ဒီဇာတ်ကားနဲ့ အလာ့ဂျစ်ရှိနိုင်တယ်၊ ပုံမှန်ဟောလိဝုဒ်ကားတွေကြည့်နေကြလူတွေအတွက်တော့ ရုရှားကားဖြစ်တဲ့အတွက် အမြင်တစ်မျိုးလေးနဲ့ကြည့်ရမယ်။ ဘယ်ချိန်သရဲပေါ်လာမလည်းဆိုပြီးစောင့်ကြည့်နေရမယ့်ကားမျိုးဆိုတာထက် တစိမ့်စိမ့်ကြည့်ရမယ့်ကားမျိုးဆိုရင်ပိုမှန်လိမ့်မယ်။ တကယ်တော့ သရဲတို့ နတ်ဆိုးတို့ကြောက်စရာကောင်းတယ်ဆိုတာ လူတွေကိုဘယ်မှီမလဲ၊ ဒီလိုတွေးမိရင်တော့ ဒီသရဲကားကသိပ်ကြောက်စရာကောင်းတော့မယ်မထင်ပါဘူး... (ဇာတ်ကားနဲ့အညွှန်းကို Murphy မှ ပြန်ဆိုရေးသားထားပါတယ်) Size - 650MB, 350MB Quality - 1080p, 720p Format - mp4 Duration - 1H 32Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Murphy Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |