
The Hunger Games ကတ်နစ်အဲဗားဒင်းတို့နေတဲ့နယ်မြေလေးမှ ာနှစ်စဉ်ပြုလုပ်နေကျ ပွဲတစ်ပွဲရှိပါတယ်။ နယ်မြေသေးသေးလေးက သိတက်တဲ့အရွယ်ရောက်လူတိုင်းရဲ့နာမည်တွေကို ဖန်ခွက်အကြီးတစ်ခုထဲထည့်ထားပြီး ပွဲစီစဉ်သူတစ်ဦးက လက်သင့်ရာကို နှိုက်လိုက်ပါတယ်။ နာမည်ကတ်နှိုက်ခံလိုက်ရတဲ့သူက မဲပေါက်သွားတာမဟုတ်သလို ဆုလက်ဆောင်ရသွားတာမျိုးတော့ မဟုတ်ပါဘူး။ စစ်မြေပြင်တစ်ခုလိုဖန်တီးထားတဲ့ နေရာတစ်ခုကိုသွားရောက်ပြီးတော့ သူသေကိုယ်သေယှဉ်ပြိုင်တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ ကံဆိုးရင်တော့ အသက်ပေးရမယ် ကံကောင်းရင်တော့ သူရဲကောင်းဖြစ်မယ်ဆိုတဲ့ လူအများစောင့်ကြည့်နေတဲ့အစီအစဉ်တစ်ခုမှာ သူတို့ကသွားရောက်ပြီးတော့ ဖျော်ဖြေပေးရသလိုပါ။ ဒီနှစ်ရဲ့အမျိုးသမီးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရမဲ့ညီမလေးအစား ကတ်နစ်တစ်ယောက်ကိုယ်စားယှဉ်ပြိုင်ပေးဖို့ တောင်းဆိုရာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။ နယ်မြေ (၁၂)ခုကနေ တစ်နယ်မြေကို ၂ယောက်နှုန်းနဲ့ ၂၄ယောက်ကြားမှာ ကိုယ်တစ်ယောက်တည်းအသက်ရှင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြရတယ်ဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ် File Size : (2.18 GB,1.09 GB) Quality : Blu-ray 1080p,720p Running Time : 2h 22min Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p Translated by Charm Encoded by sithu