
The House of the Devil (2009) ~ IMDb – 6.3/10, RT – 85%, Shudder – 3.8/5 ~ ပြောရရင် ဒီရုပ်ရှင်ကို ကျွန်တော်စိတ်ဝင်စားသွားတာက A24 ဖန်ဂရုထဲက ပို့စ်တစ်ခုကြောင့်ပါပဲ။ အကျဉ်းဖျဉ်းပြောရရင် ခုလက်ရှိမှာ Ti West ရဲ့ Pearl ရုံတင်နေတယ်။ အဲဒီကားက တော်တော်လေး လူကြိုက်များနေသလို မာတင်စကေးဆဲစီလို ဂန္ထဝင်ဒါရိုက်တာကြီး ကိုယ်တိုင် ချီးကျူးတာတောင် ခံရတယ်။ သူ့ရှေ့က အောင်မြင်ခဲ့တဲ့ X ရဲ့ ရှေ့ဆက်တွဲလည်း ဟုတ်နေတာကိုး။ ဒီတော့ ဘဲတစ်ပွေက Ti West က Roger Ebert တို့ Aris Aster တို့လို တန်းဝင်လာပြီ ဘာညာပြောတယ်။ အဲဒီမှာပြန်မန့်ကြတာက Ti West ရဲ့ The House of the Devil (2009) ကြောင့် ဒီကားတွေ လမ်းစပွင့်ခဲ့တာ ဘာညာပေါ့။ ဒီလိုနဲ့ ကြည့်ဖြစ်သွားတယ်။ ဟုတ်လည်း ဟုတ်လောက်ပါတယ်။ သူတို့၂ယောက်စလုံးမှာ ဒီလိုယုံကြည်ကိုးကွယ်မှုတစ်ခုကို အခြေတည်ထားတဲ့ ကားတွေရှိပါတယ်။ The House of the Devil ဟာ Horror ကားပေမဲ့ ရုပ်ရှင်ပွဲတော်တစ်ချို့က ဆုတွေရထားပြီး ငြိမ်ငြိမ်လေးနဲ့ကို မထင်ရင်မထင်သလို လန့်စရာကောင်းပါတယ်။ ၈၀ပြည့်နှစ်တွေမှာ နာမည်ကြီးခဲ့တဲ့ 16mm ဖလင်ကို သုံးပြီး retro စတိုင်ရိုက်ကူးထားတာမို့ ၂၀၀၉ကားပေမဲ့ သူ့ထက်ရှေးကျတဲ့ ကလပ်စစ် Horror ကားတွေလို ခံစားရမှာပါ။ ရိုက်ကူးတဲ့အချိန်က ၁၉ရက်တည်းပေမဲ့ ဆရာရိုက်တဲ့ကားဆိုတော့လည်း ဆရာအထာထွက်လာတာပါပဲ။ Horror ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ Ti West ရဲ့ Horror ကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.82GB, 920MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 35Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.82GB | Download | |
| 1080p | 1.82GB | Download | |
| 1080p | 1.82GB | Download | |
| 1080p | 1.82GB | Download | |
| 720p | 920MB | Download | |
| 720p | 920MB | Download | |
| 720p | 920MB | Download | |
| 720p | 920MB | Download | |
| 720p | 920MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.3 / 10
Director