
The Holiday Exchange IMDb – 5.6 ====================================== နှစ်ကူးခါနီး ပိတ်ရက်ရာသီရောက်လာရင် လူတိုင်း ပိုပြီး အထီးကျန်တတ်ကြတာ သဘာဝပါ။ ဝိုင်းတစ်ယောက်လည်း ခရစ်စမတ်နားနီးမှ ရည်းစားဆီက ဖောက်ပြန်တာ ခံလိုက်ရပါတယ်။ ဒီလိုနဲ့ပဲ သူ့ဒဏ်ရာတွေကို ဖြေလိူ့ရငြား LGBTQ+ app တစ်ခုမှာ ခရစ်စမတ်တွင်း အိမ်ချင်းလဲနေဖို့လုပ်လိုက်ပါတော့တယ်၊ တစ်ဖက်မှာလည်း ဝိုင်းနဲ့အိမ်ချင်းလဲမယ့် အိုလီဗာဆိုတာက ဝါသနာမပါပဲ ရှေ့နေလုပ်နေရတဲ့သူတစ်ယောက်ပါ။ သူဟာလည်း ရှုပ်ထွေးနေတဲ့ သူ့ဘဝကနေ ခဏရုန်းထွက်ချင်လို့ ဝိုင်းရဲ့အိမ်လဲမယ့်အစီအစဥ်ကို လက်ခံခဲ့ပါတယ်။ အိုလီဗာနဲ့ ဝိုင်းတဟ်ယောက် ရုတ်တရက် ပြောင်းလဲသွားတဲ့နေထိုင်မှုပုံစံအောက်မှာ ကိုယ်စီခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုသကြမလဲ စိတ်ဝင်စားစွာကြည့်ရမှာဖြစ်ပါတယ်။ ဂေးတွေရဲ့ လက်တွဲဖော်ရှာရတာ ဘယ်လောက်ခက်ခဲပြီး လက်တွဲဖော်ရှာကြရင်း ရတတ်တဲ့ စိတ်ဒဏ်ရာတွေပါ အများကြီး သေချာပြောပြထားတာမို့ ကြည့်ရတာ တကယ် စိတ်ဝင်စားဖို့ကောင်းပါတယ်။ နှစ်ကူးအငွေ့အသက်လေးတွေနဲ့ ခရစ်စမတ်အငွေ့အသက်တွေနဲ့ရိုက်ထားတဲ့ Movie လေးဖြစ်တဲ့ The Holiday Exchange ကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။