
IMDb Rating 7.2/10 ထိရရှိထားပြီး လူကြည့်များ လူကြိုက်များနေတဲ့ မေလ (၁)ရက်နေ့က Netflix မှာ ပြသခဲ့တဲ့ ဇာတ်လမ်းအသစ်စက်စက်ကလေးပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ ထရိုက်ဘီကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး နောက်ခံစကားပြောဆုကို ရရှိထားပါတယ်။ ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ အရင်ကြားဖူးတဲ့ ပုံပြင်တွေလို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ တခြားအခြမ်းကို ရှာနေကြတာပါ။ ကိုယ့်ရဲ့တခြားအခြမ်းကို တွေ့တဲ့အချိန်မှာ မပြောဘဲနဲ့ နားလည်တဲ့ ခံစားမှုမျိုး ရကြတာပါ။ ဒီဇာတ်လမ်းရဲ့ တခြားအခြမ်းကရော ..... ဇာတ်လမ်းအကျဉ်းကတော့ ...... စကွေဟေမစ်ရှ်မြို့က အယ်လီချူး ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းပါပဲ။ သူက အထက်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီးတော့ သူ့ဖခင်ကြီးကိုလည်း ပြုစုရ၊ သူ့ကျောင်းစားရိတ်ကိုလည်း သူ ရှာနေရတာပါ။စာတော်တဲ့လူဖြစ်တာကြောင့် တခြားကျောင်းသားတွေ အတွက် အက်ဆေးရေးပေးပြီး ပိုက်ဆံရှာရပါတယ်။ တစ်နေ့တော့ သူ့ကို ကောင်လေးတစ်ယောက်က အကူအညီတောင်းလာပါတယ်။ရည်းစားစာ ရေးပေးဖို့ပါတဲ့။ သူ ရည်းစားစာ စရေးပေးလိုက်တဲ့အချိန်မှာတော့ ....... IMDb Rating ကလည်း 7.2/10 ရထားပါတယ်။ Rotten Tomatoes ကတော့ 95% ရထားပါတယ်။ အချစ်ကား၊ ကျောင်းသား ကို နည်းနည်း Deep ဖြစ်တာလေး ခံစားချင်ရင်တော့ ကြည့်ကြည့်ကြပါ။ ရင်ထဲမှာ တစ်မျိုးတော့ ခံစားရပါလိမ့်မယ်။ (ဒီဇာတျလမျးရဲ့ အညှှနျးနဲ့ ဘာသာပွနျရေးသားပေးသူကတော့ August ပဲဖွဈပါတယျ။) Quality – 720p Web-Rip Duration – 2 hrs 32 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Romance Source : 1080p.WEB-RIP Translator – August Encoder – San Win Maung
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |