
ဒုတိယကားမှာ လွတ်မြောက်လာတဲ့ ဂျိတ်ဟာ စိတ္တဇဆေးရုံတစ်ခုကို ပို့ခံလိုက်ရပါတယ်။ အဲဒီကို ရောက်သွားတာတောင် တကယ်တမ်းတော့ သူဟာ မလွတ်မြောက်သေးပါဘူး။ ကာယာကို ရောက်လာလို့ ထွက်ပြေးဖို့ကြိုးစားရင်း တံခါးပိတ်ထားခံရတဲ့ ဂျိတ်... သူရှင်းပြတာကို ဆေးပညာရှုထောင့်ကပဲ ကြည့်နေမိတဲ့ ဒေါက်တာ ဆူလီဗန်... တကယ်တမ်း ဂျိတ် ရက်ရက်စက်စက် အသတ်ခံရချိန်မှာ ဒေါက်တာဆူလီဗန်ဟာ သိပ်ကိုနောက်ကျသွားခဲ့တယ်။ ထူးထူးဆန်းဆန်း သေဆုံးသွားတဲ့ သူ့လူနာအတွက် အမှန်တရားကို နားလည်အောင် ကြိုးစားစုံစမ်းပါတော့တယ်။ ဂျိတ်နေထိုင်ခဲ့တဲ့ တိုက်ခန်းမှာ ကျိန်စာဟာ ပြန်လည်ပေါ်ပေါက်နေတာမို့ လူခဏခဏ သေနေတဲ့ ဒီအဆောက်အဦမှာ ငှားနေသူတွေအားလုံးဟာ ပြောင်းရွှေ့ကုန်ကြတယ်။ ဒါကြောင့် ဒုက္ခရောက်ရတာကတော့ ကြားပွဲစားလေး မက်စ်ပါပဲ။ မက်စ်ဟာ ညီမ၂ယောက်နဲ့အတူ ကျိန်စာသင့်အခန်းရဲ့ အောက်တည့်တည့်မှာ နေထိုင်တယ်။ အိမ်ငှားရမ်းခ ပေးစရာမလိုဘဲ အဆောက်အဦကို ကြည့်ရှုပေးရတဲ့သူ... မွေးရာပါ ရောဂါသည် ညီမလေး ရို့စ်ကို စောင့်ရှောက်ပေးသူ... နောက်ညီမတစ်ယောက် လီဆာကလည်း ရို့စ်ရဲ့ ဆေးကုသစရိတ်သက်သာဖို့ ချစ်သူနဲ့ အတူ မကြာခင်မှာ နယူးရောက်ကို သွားအလုပ်လုပ်မယ့်သူ... လီဆာတို့ ချစ်သူ ၂ယောက် တစ်တီတူးဖို့ အခန်းမှားဝင်ရင်း ကျိန်စာသင့်အခန်းထဲ ဝင်မိတာကနေ စတင်ထားတယ်။ နောက်ဇာတ်ဆောင်တစ်ဦးကတော့ ကျိန်စာသင့် ကာယာကိုရဲ့ ညီမလေး နာအိုကို... သူကတော့ အစ်မဖြစ်သူရဲ့ ကျိန်စာကို တားဆီးဖို့ ဂျပန်ကနေ ချီကာဂိုအထိအရောက်လာခဲ့တယ်။ ဒါရိုက်တာ ပြောင်းသွားပေမယ့် ကြောက်မက်ဖွယ်ကောင်းခြင်းနဲ့ ဇာတ်အိမ်ကောင်းခြင်းကတော့ မပြောင်းလဲတာမို့ Horror ပရိသတ်များအတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ်လို့ ညွှန်းလိုက်ပါရစေ... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 830MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 720p | Download | ||
| 1080p | Download | ||
| 720p | Download |