
နက်ဖလစ်ရဲ့ အက်ရှင်ကားအသစ်ကြည့်ရအောင်။ ဒါရိုက်တာကတော့ ရက်ဆို ညီအစ်ကိုနှစ်ယောက်ပါပဲ။ အဗန်ဂျာဒါရိုက်တာတွေပေါ့။ ဇာတ်ညွှန်းဆရာတွေကလည်း အဗန်ဂျာရေးတဲ့သူတွေပါပဲ။ သရုပ်ဆောင်ကတော့ ရိုင်ယန်ဂို့စလင်း၊ ခရစ်စ် အီဗန်တို့နှစ်ယောက်အပြင် No Time to die တို့ Bladerunner တို့ထဲက မင်းသမီး အန်နာ ဒီအာမက်စ်လည်း ပါပါတယ်။ ပြီးတော့ Iron Fist တို့ Love and Monsters တို့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီး ဂျက်ဆီကာဟန်းဝစ်ပါ ပါပါသေးတယ်။ တမီးလ်မင်းသား Dhanush ပါ အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကော့ထ်ဂျန်ထရီ (ရိုင်ယန်ဂို့စလင်း)ဟာ လူသတ်မှုနဲ့ထောင်နှစ်ရှည်ကျနေသူဖြစ်ပြီး တစ်နေ့မှာတော့ စီအိုင်အေရဲ့ လျို့ဝှက်တရားမဝင်စစ်ဆင်ရေးတွေမှာ လုပ်ပေးဖို့ အပေးအယူနဲ့ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်တစ်လုံးနဲ့ကျော်ကြားလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီကနေ မရသင့်လိုက်တဲ့ အချက်အလက်တွေရသွားပြီး သူ့ရဲ့အဖွဲ့အစည်းကပါ သူ့ကိုပြန်လိုက်သတ်လာတာကြောင့် ထွက်ပြေးရပါတော့တယ်။ သူ့နောက်ကို တရားမဝင်လိုက်သတ်ဖို့ အေဂျင်စီက ပြန်ငှားလိုက်တာကတော့ နာမည်ဆိုးနဲ့ ကြေးစား လွိုက်ဟန်ဆန် (ခရစ်စ် အီဗန်) ပါပဲ။ သူတို့နှစ်ယောက် စိန်ပြေးတမ်းကစားကြရင်း တိုက်ခိုက်ကြ သတ်ကြဖြတ်ကြတာတွေကို အက်ရှင်ကားပီပီသသပဲ ဝုန်းဒိုင်းကျဲနေအောင် ကြည့်ရမှာပါပဲ။ File size…(1.76GB)/(1 GB)/(729MB) Quality….4K HEVC ,Webrip 1080p , 720p Format…mp4 Duration….02:02:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | 3.9 GB | Download | |
| 4K | 3.9 GB | Download | |
| 1080p | 1.7 GB | Download | |
| 720p | 1 GB | Download |