
အခုတစ်ခေါက်ဇာတ်ကားလေးကတော့ 2007ခုနှစ်ကထွက်ရှိထားတဲ့ The graduates ဆိုတဲ့ ဂျပန်ကျောင်းသားဇာတ်ကားလေးဖြစ်ပါတယ်။ Kayoko Akimotoဟာဆိုရင် ကျောင်းမှာဘက်စုံတော်ပြီးတော့ တိုကျိုမှာ တက္ကသိုလ်သွားရောက်တက်ဖို့မျှော်မှန်းထားတဲ့ စီနီယာအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဘေ့စ်ဘောအသင်းရဲ့ ace pitcher ဖြစ်တဲ့ Sasaki Tomizoကတော့ Kayokoကို သဘောကျနေသူတစ်ယောက်ပါ။ တစ်ဖက်မှာလည်း အတန်းရဲ့နောက်ဆုံးမှာထိုင်ပြီး အမြဲတမ်းသီချင်းနားထောင်နေတတ်တဲ့ Kei Shirataဆိုတဲ့ တေးရေးဆရာတစ်ယောက်ဖြစ်တဲ့ ကျောင်းသူလေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ Keiဟာ သူမနဲ့အတန်းတူ Tsujimoto Kazuyaဆိုတဲ့ ကျောင်းကရော့ခ်တီးဝိုင်းမှာ ဝင်ရောက်တီးခက်နေတဲ့ ကျောင်းသားလေးကိုသတိထားမိသွားခဲ့ရာက Tsujimoto ဟာ သူ့လိုမျိုးပဲ ဂီတကိုခံစားတတ်တဲ့သူတစ်ယောက်ဆိုတာကို ခံစားမိခဲ့ပါတယ်။ ဂီတအကြောင်းပြောရင်း နှစ်ယောက်သားရင်းနှီးသွားခဲ့ကြရာကနေ သူနဲ့ဝါသနာပါရာနယ်ပယ်ချင်းတူတဲ့ Tsujimoto အပေါ်မှာ Kei ဟာ ခံစားချက်တွေရှိလာပါတော့တယ်။ Kei ရဲ့ခံစားချက်တွေကို Tsujimotoက သိရှိပြီးလက်ခံသွားမှာလား။ Kei ရဲ့တေးရေးဆရာဖြစ်ချင်တဲ့အိပ်မက်ကရော ပြည့်ဝသွားမှာလားဆိုတာရယ်။ Kayokoတက်ချင်တဲ့ တိုကျိုကတက္ကသိုလ်ကို တက်နိုင်သွားမလား။ Sasaki ရဲ့ Kayokoအပေါ်ထားတဲ့ခံစားချက်တွေက ထပ်တူကျသွားနိုင်မှာလားဆိုတာတွေကိုစောင့်ကြည့်ရမယ့်အပြင် အထက်တန်းကျောင်းသားဘဝရဲ့ အနာဂတ်ရည်မှန်းချက်တွေ ချစ်ခြင်းမေတ္တာတွေ စတဲ့ လူငယ်ဘဝခံစားချက်လေးတွေကို ပြန်ပြီးသတိရနိုင်မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Khaing ပဲဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p File size… 2GB | 750MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2GB | Download | |
| 1080p | 2GB | Download | |
| 1080p | 2GB | Download | |
| 1080p | 2GB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.4 / 10
Director