
ငယ်ငယ်တုန်းက အသည်းစွဲ အက်ရှင်မင်းသားကြီးဖြစ်ခဲ့တဲ့ ဗန်ဒိမ်းရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ The Gardener (2025) Le jardinier ဆိုတဲ့ ပြစ်သစ်ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အာနိုးတို့ စတားလုံးတို့နဲ့ခေတ်ပြိုင်ဆိုတဲ့အတိုင်း အခုအချိန်မှာ အသက်ကြီး နေပြီဖြစ်ပေမဲ့ မပျက်စီးသေးဘဲ ခန္ဓာကိုယ်အချိုးအစား ကလည်း လူငယ်တွေထက်တောင်ပိုလန်းပြီး အက်ရှင်တွေကိုလည်း ချပြနိုင်တုန်းပါပဲ။ဒီကားလေးကတော့ အက်ရှင်သီးသန့်ချည်းမဟုတ်ဘဲ ဟာသဒရာမာပါပေါင်းထားတဲ့အတွက် မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါး ကြည့်ချင်သူတွေအတွက်လည်းအဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++ ဇာတ်လမ်းရဲ့အစမှာတော့ အထူးတပ်ဖွဲ့တစ်ဖွဲ့က လူတစ်ယောက်ကို ဝိုင်းအမဲလိုက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့ရဲ့တာဝန်ကအဲ့ဒီလူကို ရှင်းပစ်ဖို့ဖြစ်ပြီး ဘာလို့အဲ့လိုလိုက်လုပ်နေရတယ်ဆိုတာကိုသိချင်ရင်တော့ အချိန်နောက်နည်းနည်းပြန်ဆုတ်ရပါလိမ့်မယ်။အဲ့ဒီအထူးတပ်ဖွဲ့ကို ဝန်ကြီးချုပ်က ခိုင်းထားတာဖြစ်ပြီး ဝန်ကြီးချုပ်နဲ့ဇယားရှိတဲ့လူဆိုရင် တစ်နှစ်တစ်ခါရှင်းပစ်ဖို့သူတို့ကိုနာမည်စာရင်းတွေပေးနေကျဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဆာ့ဂျ်ဆိုတဲ့နိုင်ငံရေးအသိုင်းအဝိုင်းထဲက လူတစ်ယောက်လည်း ပါဝင်နေပြီး သူကစာရင်းထဲမှာနောက်ဆုံးပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ့ကိုဦးစားပေးရှင်းပစ်ဖို့ဖြစ်လာပါတော့တယ်။ သူကတော့အဲ့ဒါတွေကိုမသိဘဲ ကျေးလက်ကအိမ်လေးမှာ မိသားစုနဲ့ အတူတူအားလပ်ရက်အပန်းဖြေနေပါတော့တယ်။ ဒီလိုနဲ့အဲ့ဒီလူတွေရောက်ချလာပြီး သူ့ကိုရှင်းဖို့လုပ်တဲ့အခါမှာတော့ မိသားစုတစ်ဖက်နဲ့ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဖြစ်နေတဲ့ ဆာ့ဂျ်ကို လျှို့ဝှက်ဆန်းကြယ်မှုတွေအများကြီးနဲ့ သူ့ဥယျာဉ်မှူးကဘယ်လိုတွေ ကူညီပေးသွားမလဲဆိုတာကို စိတ်ဝင်စားစရာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.38GB) / (859MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.38GB | Download | |
| 1080p | 1.38GB | Download | |
| 1080p | 1.38GB | Download | |
| 720p | 859MB | Download | |
| 720p | 859MB | Download | |
| 720p | 859MB | Download | |
| 720p | 859MB | Download | |
| 720p | 859MB | Download |