
ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပနေပြီဆိုရင် Director Wes Andersonရဲ့လက်ရာတွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကားတွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်တွေ့ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်နေရသလို ခံစားချက်မျိုး ရစေတာကို - The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ နောက်ထပ် ရုပ်ရှင်မဟုတ်သောရုပ်ရှင်၊ ပြဇာတ် မဟုတ်သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ် ဒီဇာတ်လမ်းကတော့ Andersonရဲ့ ဝတ္ထုတိုတွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်းလောကကို နှစ်ခြိုက်မှုအပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Castတွေကလည်း ပြေးကြည့်စရာမလိုအောင်ကို ဒိတ်ဒိတ်ကြဲဖြစ်တဲ့၊ သူ့လက်စွဲတွေ ဖြစ်တဲ့ - Tilda Swinton (Dr. Strange, The Grand Budapest Hotel) - Ghostbusters မင်းသားကြီး Bill Murray၊ - The Pianistရဲ့မင်းသားကြီး Adrien Brody၊ - Edward Norton (Fight Club) တို့အပြင် Timothée Chalamet, Saoirse Ronan, Owen Wilson, Léa Seydoux, William Dafoe တို့လို အရှိန်အဝါကြီးတဲ့ Castတွေဖြစ်တာမလို့ Wesရဲ့လက်ရာဟာ ပိုကြွသလို ပိုလည်း လှပစေပါတယ်၊ USA ..Kansasမြို့ လုပ်ငန်းရှင်ကြီးတစ်ဦးရဲ့သားဖြစ်သူ ပထမနှစ်ကျောင်းသားလေး Arthur Juniorရဲ့ ခရီးသွားမှတ်တမ်းစာစဉ်မှအစပြုခဲ့တဲ့ The French Dispatch မဂ္ဂဇင်းဟာ သူဆုံးပါးချိန်မှာပဲ နောက်ဆုံးထုတ်ဝေမှုနဲ့ ပိတ်သိမ်းရတော့မှာပါ၊ နှုတ်ဆက်စာအုပ်မှာအထူးစာမူအဖြစ် ထည့်ဝေဖို့ မဂ္ဂဇင်းရဲ့ထိပ်သီးစာမူရှင်တွေဆီက စာမူတောင်းတဲ့အချိန်မှာ စာမူ၄ပုဒ်ထွက်လာပါတယ်၊ မဂ္ဂဇင်းတိုက်ရဲ့ဘဏ္ဍာရေးအခြေအနေအရ စာမူတိုင်းကိုထည့်ဖို့ခက်ခဲနေတဲ့အချိန်မှာ တစ်ပုဒ်ချင်းစီကို အယ်ဒီတာတွေအနေနဲ့ အသေးစိတ်အကဲဖြတ်ရင်း ဇာတ်လမ်းတိုလေး ၄ပုဒ်အဖြစ် ကွဲထွက်သွားပါတယ် ဇာတ်လမ်း၁ပုဒ်ချင်းစီတိုင်းဟာ Arc တစ်ခုလို စာမူရှင်ရဲ့အာဘော်အရ အရေးအသား၊ တင်ဆက်ပြသပုံ၊ အကြောင်းအရာတွေ အမျိုးမျိုးကွဲထွက်နေတဲ့အခါ တစ်ပိုင်းရောက်တိုင်း အရသာတစ်မျိုးခံစားရင်း ချိုချဉ်ငန်ဖန်စပ်ခါး သောင်းပြောင်းထွေလာအရသာကို တပြိုင်တည်းရရှိစေမှာပါ၊ ဝတ္ထုတိုတွေဖြစ်တဲ့အတွက်ကြောင့် တစ်ပိုင်းချင်းစီဟာ ပုံပြင်ဖတ်နေရသလို ခံစားမိစေတဲ့ Wesရဲ့အာဘော်ကနေလည်း သွေဖီမသွားပြန်ပါဘူး၊ တစ်ပိုင်းချင်းစီက ရသတစ်မျိုးပေးသလို ကိုယ့်အတွေးနဲ့ ကိုယ်သောက်ကြသည် ဆိုသလို ဇာတ်လမ်းကပေးတဲ့ အမြင်တွေ၊ ခံစားချက်တွေ အတွေးအခေါ်တွေ တစ်ဦးနဲ့တစ်ဦးတူမှာ မဟုတ်ပါဘူး၊ ဒီလိုမတူခြားနားတဲ့ အမြင်တွေကိုပဲ Wes Anderson အနေနဲ့ ပေးချင်ပုံရပါတယ် ဇာတ်ကားကောင်းကြီးဖြစ်တာနဲ့အညီ သူနဲ့ထိုက်တန်တဲ့ ratingတွေ အသိအမှတ်ပြုခံရမှုတွေ ကပ်ပါလာမြဲပါပဲ၊ ရုပ်ရှင်အသိုင်းအဝိုင်းမှာ အရှိန်အဝါကြီးတဲ့ Cannes နဲ့ Golden Globe award တွေအတွက် Nominations ဝင်ထားသလို လက်ရှိမှာ စုစုပေါင်း nomi 44ခုထိ စာရင်းရှိတဲ့ဇာတ်ကားဖြစ်ပါတယ်။ Detroit Film Critics Society (DFCS) နဲ့ Southeastern Film Critics association မှာ Best Ensemble 2 ဆုကိုလည်း ပူပူနွေးနွေးရရှိထားတာပါ၊ ပုံမှန် ရုပ်ရှင်ကြည့်ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ - IMDbမှာ 7.5, -Rotten Tomatoes မှာ reviewပေါင်း 273ခုနဲ့ Tomatometer 74%အထိ မှတ်ကျောက်တင်ထားနိုင်ပါတယ်၊ ဒါရိုက်တာ Wes Andersonရဲ့ရုပ်ရှင်မဟုတ်သောရုပ်ရှင်ကို ခံစားကြည့်ရှုရင်း စိတ်ကူးယဉ်ကမ္ဘာမှာ ပျော်မွေ့နိုင်ဖို့ CMမှ တင်ဆက်ပေးလိုက်ပါပြီ အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama, Romance Quality….WEB-DL 1080p and 720p File size…1.5GB and 894MB and 293MB Format…mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5Gb | Download | |
| 1080p | 1.5GB | Download | |
| 720p | 894MB | Download | |
| 720p | 894MB | Download |