
"တရားမျှတမှုနဲ့ အမှန်တရားဆိုတာ အမြဲတစေဆိုသလို ဒွန့်တွဲနေတဲ့အရာတစ်ခုပါ အမှန်တရားဆိုတာ ဘယ်လိုမှ ဖုံးဖိလို့မရတဲ့ အရာတစ်ခုဆိုလဲမမှားဘူး" ဖခင် သေဆုံးမှူအတွက် အမှန်တရားကို အပူတစ်ပြင်းရှာဖွေနေတဲ့ တက္ကသိုလ်ကျောင်းသူလေး - ဝမ်ရှောင်းယွီ ဝမ်ရှောင်းယွီရဲ့ ဖခင်သေဆုံးမှုက မျက်မြင်သက်သေ တစ်ယောက်ဖြစ်တဲ့ စက်ပြင်သမားလေး - မုန့်ချောင်း ကျုံးနမ်တံတားဟူသည် ဟွမ်ချွဲ့မြို့ကြီးရဲ့ အဓိက ပေါင်းကူးတံတားဆိုရင်လဲ မမှားပါဘူး တစ်နေ့မှာ တံတားကြီး ပြိုကျပျက်ဆီးသွားခဲ့တဲ့အခါ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ် အဲ့တာကတော့ တံတားအတွင်းမှာ လူသေအရိုးစုတစ်ခု တွေ့ရှိခဲ့ရခြင်းပါပဲ အဲဒီသေဆုံးသူကတော ဝမ်ရှောင်းယွီရဲ့ ဖခင်ဖြစ်သူ ဝမ်လျောင့်ပါ တစ်နေ့မှာတော့ မုန့်ချောင်းရဲ့ အကူအညီပေးမှုနဲ့အတူ ဖခင်ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်တဲ့အကြောင်း ဝမ်ရှောင်းယွီသိရှိသွားခဲ့ပါတော့တယ် နစ်မြုပ်နေတဲ့ သဲလွန်စ တစ်စချင်းဆီနောက်ကို နှစ်ယောက်သား အတူတူလိုက်လံရှာဖွေရင်း ဝမ်ရှောင်းယွီရဲ့ မွေးစားအဖေဖြစ်သူ ကျူးဖန်းကျန့် ကလူသတ်သမားဖြစ်နိုင်ချေရှိတဲ့ အကြောင်း သိရှိသွားချိန်မှာတော့.....? ❏ ဘာတွေဆက်ဖြစ်ကြမလဲ ? ❏ နောက်ကွယ်က လျို့ဝှက်ဆန်းကြယ်တဲ့ အရာတွေကရော ဘာတွေဖြစ်လာမလဲ ? ❏ လူသတ်သမားကရော သူတို့ထင်ထားတဲ့အတိုင်းဖြစ်နေနိုင်ပါ့မလား ? ❏ သူတို့တွေ အပူတပြင်းရှာနေတဲ့ အမှန်တရားကရော ထွက်ပေါ်လာပါ့မလား ? ဆိုတာ စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ရှင် သရုပ်ဆောင်တွေအနေနဲ့ကတော့ တရုတ်ပြည်မကြီးမှာ နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့ TFBOYS အဖွဲ့ရဲ့ ခေါင်းဆောင် ဝမ်ကျွင့်ခိုင်(မုန့်ချောင်း) နဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသမီး မာစစ်းချွမ်(ဝမ်ရှောင်းယွီ) တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်ရှင် Review By Chit Mya Mya Hmwe Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Drama Runtime : 1h 53 min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Nu Mon , Chit Mya Mya Hmwe Encoded by LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 480p | Download |