
အခုတင်ဆက်ပေးမဲ့ The Extortion ဆိုတဲ့ဇာတ်ကားကတော့ ဒီနှစ် (၂၀၂၃) အတွင်းမှာမှ ထွက်ရှိထားတာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေ၊ မှုခင်းမှုရာနဲ့ပတ်သက်တာတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့စေမဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုရဲ့ လေယာဉ်မှူးဖြစ်သူ အလီဟန်ဒရိုဟာ အကြောင်းတစ်ခုကြောင့် သူတို့အမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ ခြိမ်းခြောက်ခြင်းကိုခံရပြီး ဘာမှန်းမသိတဲ့ခရီးဆောင်အိတ်တွေကို စပိန်နိုင်ငံဆီ ပို့ဆောင်ပေးရပါတော့တယ်။ တစ်ဖက်မှာလည်း ဒီလိုမူမမှန်မှုတွေကို သတိထားမိနေတဲ့ လေဆိပ်တာဝန်ရှိရဲဌာနနဲ့ အလီဟန်ဒရိုတို့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဘယ်သူလူကောင်း ဘယ်သူလူဆိုးလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာက မင်းသား၊ မင်းသမီးငယ်ငယ်ချောချော visual လေးတွေမပါဘဲ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ချည်းပဲ ဇာတ်ကားတစ်ကားဖန်တီးထားတာဖြစ်ပေမဲ့ ဒီအဘိုးကြီး၊ အဘွားကြီးတွေပဲ ဇာတ်ရှိန်အမြင့်ဆုံးထိ ဆွဲခေါ်သွားပြီး IMDB rating 6.7 အထိ ရယူပိုင်ဆိုင်ထားတာမို့ တော်တော်လေး impressive ဖြစ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုရပါမယ်။ Mystery ဆိုပေမဲ့ အရမ်း dark တဲ့ movie မျိုးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးပဲရိုက်ထားတာမို့ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ အနားယူအပန်းဖြေရင်း ဇာတ်ကားကြည့်ချင်တဲ့သူတွေအတွက် အထူးသင့်လျော်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(800 GB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre…Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by KTTZ