
အသက် ၃၀ ကျော် လူလတ်ပိုင်းအရွယ်ရောက်လာပြီဖြစ်တဲ့ ယွီဖေးနဲ့ မုန့်ယွင်တို့ သူငယ်ချင်း ၂ ယောက်ဟာ ဒီတစ်ခါမှာတော့ အိမ်ထောင်ပြုဖို့ အစီအစဥ်ဆွဲတဲ့ဆီကို ရောက်လာကြပါတော့တယ် မိဘက ကြင်ဖက်တွေ့ခိုင်းတဲ့အခါ လာတွေ့တဲ့ တစ်ဖက်မိန်းကလေးဆီက အချစ်ကို အရင်ဆုံးမျှော်လင့်တဲ့ မုန့်ယွင် လက်ရှိချစ်သူနဲ့ အိမ်ထောင်မပြုခင်မှာ အိမ်ထောင်သည်ဘဝကို လက်တွေ့ခံစားကြည့်လို့ရအောင် ချစ်သူနဲ့ တစ်မိုးအောက်မှာ အတူတူနေကြည့်တဲ့ ယွီဖေး မုန့်ယွင် ကြင်ဖက်တွေ့ရတဲ့မိန်းကလေးတွေက အိမ်ထောင်ရေးကို အပေးအယူလို သဘောထားနေသလို ချစ်သူနဲ့ တစ်အိမ်ထဲနေကြည့်တဲ့ ယွီဖေးတစ်ယောက် အိမ်ထောင်သည်ဘဝဆိုတာ သူထင်ထားသလို ပျော်ရွှင်ကြည်နူးစရာ မကောင်းတော့တဲ့အခါ လူတွေဘာကြောင့် အိမ်ထောင်ပြုကြတာလဲဆိုတာကို အဖြေရှာနေတဲ့ သူတို့ သူငယ်ချင်း ၂ ယောက် ဒီတစ်ခါမှာရော အိမ်ထောင်သည်ဘဝကို တကယ်ပဲ ပျော်ရွှင်စွာနဲ့ ကူးပြောင်းနိုင်ပြီလားဆိုတာတော့ ဒီဇာတ်ကားလေးမှာ စောင့်ကြည့်လိုက်ကြပါဦး အရင် EX FILES ဇာတ်လမ်းတွေရဲ့ အဆက်မို့ ပရိသတ်ကြီးလည်း အကြိုက်တွေ့ကြမှာ သေချာပါတယ်