
ကွန်မန်ဒိုဟောင်းရောဘတ် မက်ကောလ်ဟာ မက်ဆာချူး ဆက်မြို့ပြင်မှာ အိမ်ခန်းငှားနေ ရင်း Lyft ကုမ္ပဏီမှာ ဒရိုင်ဘာ လုပ်ပြီး ဘဝကို အေးအေးချမ်း ချမ်း ဖြတ်သန်းနေခဲ့ပါတယ်။ မက် ကောလ်ရဲ့ကားကို ပုံမှန်စီးနေတဲ့ ဆမ်ရက်ဘင်စတိန်းက သူ့ညီမရဲ့ ပန်းချီကားကို လိုက်ရှာချင်တဲ့ အကြောင်း ပြောခဲ့ပါတယ်။ ဆမ် က ဂျူးလူမျိုးတွေ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုကနေ လွတ်မြောက်လာသူဖြစ် ပြီးကွဲကွာနေ တဲ့ သူ့ညီမဖြစ်သူကို ရှာချင်နေ တာပါ။ အဲဒါနဲ့ မက်ကောလ်ဟာ စီအိုင်အေက သူ့သူငယ်ချင်း ဆူ ဇန်ကို ပန်းချီတွေနဲ့ပတ်သက်ပြီး စုံစမ်းပေးဖို့ အကူအညီတောင်းခဲ့ ပါတယ်။ တစ်ရက်မှာတော့ ဘရပ် ဆဲလ်က တိုက်ခန်းတစ်ခုမှာ လူ သေမှုဖြစ်တဲ့အတွက် စီအိုင်အေ က မက်ကောလ်ရဲ့ လုပ်ဖော်ကိုင် ဖက်ဟောင်း ဒေ့ဗ်နဲ့ ဆူဇန်တို့ သွားစုံစမ်းခဲ့ကြပါတယ်။ အဲဒီက နေ ဟိုတယ်အပြန်မှာတော့ ဆူဇန်ကို လူနှစ်ယောက်က တိုက်ခိုက်ခဲ့ ပြီး ဆူဇန်သေဆုံးခဲ့ပါတယ်။ ဆူဇန်သေဆုံးမှုနဲ့ပတ်သက် နေသူတစ်ယောက်ဟာ မက် ကောလ်ရဲ့ကားမှာ ခရီးသည်အ သွင်ဆောင် လိုက်ပါစီးနင်းခဲ့ပြီး မက်ကောလ်ကို လုပ်ကြံဖို့ ကြိုး ပမ်းတဲ့အတွက် မက်ကောလ်နဲ့ အသေအလဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလူရဲ့ ပစ္စည်းတွေကို ရှာဖွေ စစ်ဆေးကြည့်ရင်း ဒေ့ဗ်နဲ့ နောက်ဆုံးဖုန်းအဆက်အသွယ်လုပ်ထား တယ်ဆိုတာ တွေ့ခဲ့ပါတယ်။ အဲဒါနဲ့ မက်ကောလ်က ဆူ ဆန်သေဆုံးမှုဟာ ဒေ့ဗ်နဲ့ပတ် သက်နေတယ်ဆိုတာ သေချာ သလောက်ဖြစ်နေပြီမို့ ဒေ့ဗ်ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံခဲ့ပါတယ်။ နောက်တော့ အပြင်ရောက်နေတဲ့ စီအိုင်အေအဖွဲ့ဝင်ဟောင်းတွေနဲ့ မက်ကောလ်ချိတ်ဆက်ပြီး ဒေ့ဗ်နဲ့ ပတ်သက်တာတွေ ဖော်ထုတ်ဖို့ လုပ်ခဲ့ပါတယ်။ ဒေ့ဗ်ကလည်း ခေသူတစ် ယောက်မဟုတ်တာမို့ မက် ကောလ်ကိုပါ အပြတ်ရှင်းဖို့လုပ် တဲ့အခါမှာ နှစ်ယောက်သား ထိပ် တိုက်တွေ့ပြီး ဘာတွေဆက်ဖြစ် မှာလဲ၊ ဆူဇန်က ဘာတွေသိထား လို့ အပြတ်ရှင်းခံရတာလဲ၊ မက် ကောလ်တစ်ယောက် ဆူဇန်အ တွက် ဘယ်လိုတွေ လက်တုံ့ပြန် မလဲဆိုတာတော့ အမိုက်စား အက်ရှင်ဇာတ်ကွက်တွေနဲ့အတူ ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ ဒန်ဇဲလ်ဝါ ရှင်တန်၊ ပတ်ဒရိုပက်စ်ကယ်၊ မလစ်ဆာလီယို၊ အက်ရှ်တန်ဆန် ဒါစ်၊ ဘီလ်ပူးလ်မန်း၊ ဆက်ကီနာ ဂျက်ဖရီ၊ ဂျိုနသန်စကာ့ဖ်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : 2.0 GB Quality : Blu-Ray 1080p 5.1 CH x264 Running Time : 2h 01min Format : Mp4 Genre : Action , Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-FGT Translated by Zuel Khant Thwin Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |