
ဂယ်ရီ ဟာ အထပ်သားစက်ရုံတစ်ခုမှာ နေ့စားအလုပ်သမား တစ်ယောက်အဖြစ် လုပ်ကိုင်ပီးး ဘဝကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေသူတစ်ဦးပါ..။ နောက်ပီး သူ့ဟာ သူများအပေါ်ကူညီလိုတဲ့ စိတ်နဲ့, အမြဲတမ်း အကောင်းမြင်ပီး စိတ်ဓာတ်ကျနေတဲ့ လူတွေကို အားပေးတက်တဲ့ လူဖြစ်လို့ ပတ်ဝန်းကျင်ကလူတွေကလဲ ဂယ်ရီ ကို လေးစားချစ်ခင်ကြပါတယ်..။ အေးဆေးနေတက်တဲ့ ဂယ်ရီတစ်ယောက်.. တစ်နေ့.!! သူထိုင်သောက်နေကျ ကော်ဖီဆိုင်လေးမှာ ထိုင်သောက် နေရင်း....''အလီဇာ'' ဆိုတဲ့ ပြည့်တန်ဆာမလေး နဲ့ ခင်မိပါတယ်..။ ဂယ်ရီဟာ အမြဲတမ်းစိတ်ညစ်နေပီးး စိတ်ဓာတ်ကျနေတဲ့ 'အလီဇာ''ကို အားပေးရင်း လေးလေးစားစား ဆက်ဆံရင်း ပိုရင်းနှီးမိပါတယ်..။ ဒီလိုနဲ့..!! တစ်ရက်မှာ...'' အလီဇာ'' တစ်ယောက် သေလောက်အောင် အရိုက်ခံထားရပီးး ဆေးရုံမှာ ရောက်နေတယ်လို့ သတင်းကြားတော့် ဂယ်ရီဟာ ဆေးရုံထိလိုက်သွားပီး 'အလီဇာ' ရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တဲ့ အခါ... အလီဇာ ဟာ..ပြည့်တန်ဆာအလုပ်ကို မလုပ်ချင်ပဲလုပ်နေရပီး ရုရှားမာဖီးယားဂိုဏ်းတွေ (ဖာခေါင်းဂိုဏ်း) နဲ့ ပတ်သတ်နေပါတယ်..။ ဒါကြောင့် ဂယ်ရီ ဟာ..အလီဇာ့ ကို လွတ်မြောက်ပေးဖို့, ပြည့်တန်ဆာဘဝကနေ ထွက်သွားခွင့်ပေးဖို့ အတွက် ရုရှားဂိုဏ်းခေါင်ဆောင်ကို ငွေပေးပီး သွားရောက်ငြိနှိုင်း ခဲ့ပါတယ်..။ ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်က လက်မခံတာ ကြောင့် ဂယ်ရီဟာ.. ဂိုဏ်းခေါင်းဆောင် နဲ့ တပည့်၅ယောက်ကို စက္ကန့် ၃၀အတွင်းမှာ သတ်ပစ်လိုက်ပါတယ်..။ (သတ်တဲ့အခန်းက ကျွတ်ဆင်) ဒါကြောင့်တစ်ခြား ရုရှားမာဖီးယားဂိုဏ်း တွေကလဲ.. သူ့လူတွေကို သတ်သွားတဲ့ ဂယ်ရီကို လိုက်ရှာပီး ပြန်သတ်ဖို့အတွက် ကြေးစားလူသတ်သမားတစ်ဦးကို ငှါးရမ်းလိုက်ပါတယ်..။ ဂယ်ရီ..တစ်ယောက်..!! လူဆိုးဂိုဏ်းတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ..?? ကြေးစားလူသတ်သမားနဲ့ရော ဘယ်လိုရင်ဆိုင်ရမလဲ..?? နောက်ပီး..!! လူ၅ယောက်ကို စက္ကန့် ၃၀အတွင်း သတ်နိုင်ခဲ့တဲ့ ဂယ်ရီ့ ရဲ့ နောက်ကြောင်းရာဇဝင်, ဘဝအမှန်က ဘယ်လိုပုံစံလဲ..?? ဆိုတာကိုတော့် ဒီရုပ်ရှင်ထဲမှာပဲ ဆက်လတ်ရှုစားကြပါ..။ ဒီကားဟာ Film Awards ဆုတွေ တစ်သီကြီးဆွတ်ခူး ရရှိထားပါတယ်..။ ဒီရုပ်ရှင်မှာ ဂယ်ရီအဖြစ် မင်းသားကြီး #Denzel Washington က ကြမ်းကြမ်းတမ်းတမ်းနဲ့ ပီပြင်စွာ.. သရုပ်ဆောင်ထားပီးး, #Training Dayရုပ်ရှင်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒါရိုက်တာကြီး #Antoine_Fuqua က ဒီရုပ်ရှင်ကို ရိုက်ကူးထားပါတယ်..။ တစ်ကားလုံး စွဲဆောင်မှုအပြည့်နဲ့ ကောင်းမွန်သေသပ်လှတဲ့ အက်ရှင်ခန်းတွေကြောင့် သင့်ကို အစ ကနေ အဆုံးထိ ဆွဲခေါ်သွားပါလိမ့်မယ်..။ John Wick နဲ့ Criminal လို ဇာတ်ကားမျိုးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်..သင့်အတွက် ဒီရုပ်ရှင်ဟာ.. တကယ့် ''ရွှေ'' ပါပဲ..။ (ဇာတ်လမ်းအညွှန်းကိုတော့ ကိုသက်နိုင်ထူးရဲ. Facebook Account (https://www.facebook.com/profile.php?id=100014023510392) မှကူးယူဖော်ပြထားပါတယ်) File Size : (851 MB) Quality : 720pBluray Running Time : 2hr 12minutes Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Review by Thet Naing Htoo Encode by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |