
ဂျူးလိယက်ဆီဇာရဲ့ဝတ်ရုံမှာ ဘရူးတက်စ်ရဲ့ဓားချက်က အနက်ဆုံးဖြစ်နေသလိုပဲ လူရင်းထိုးတဲ့ဓားက ရန်သူထက်ပိုနက်တတ်ပါသတဲ့။ ဆမ် ကယ်ဗင် ဝူဒီ ကောလင်ဆိုတဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းလေးယောက်။ ဒီထဲမှာမှ ဝူဒီနဲ့ကောလင်ကတော့ ညီအစ်ကိုရင်းထက်ပိုတယ်ဆိုတဲ့ သံယောဇဉ်နဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့။ ဒါပေမဲ့ ကောလင်တစ်ယောက် ဝူဒီလက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ အက်ဘီဆိုတဲ့ကောင်မလေးနဲ့ ကောလင်အတူအိပ်လိုက်တယ်ဆိုတာကို ဝူဒီသိသွားချိန်မှာတော့ လှပတဲ့ခင်မင်မှုတွေထဲ မုန်တိုင်းဝင်တော့တာပါပဲ။ အသည်းနှလုံးကိုထိတော့ အူနုကျွဲခတ်သလို ရှူးရှူးရှဲရှဲဖြစ်နေတဲ့ ဝူဒီတစ်ယောက် ကောလင်အဖေရဲ့ နောက်ဆုံးချန်ရစ်ခဲ့တဲ့ပစ္စည်းကို ဖျက်ဆီးလိုက်ချိန်မှာ ပြန်ဆက်ဖို့မဖြစ်နိုင်တော့တဲ့ ညီအစ်ကို သူငယ်ချင်းဆက်ဆံရေး ဒီအချိန်မှာ ဝူဒီတစ်ယောက် ကောလင်ကို လူကြီးလူကောင်းပီပီ သိက္ခာရှိရှိ တစ်ယောက်ချင်းယှဉ်ပြိုင်တိုက်ခိုက်ပြီး သူတို့ကြားက ရန်ကြွေးကိုချေဖို့ စိန်ခေါ်လိုက်ချိန်မှာတော့….. အချစ်နဲ့စစ်မှာမတရားတာမရှိဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်လို့ ဒီနှစ်ယောက်ကြားက စီးချင်းတိုက်ပွဲရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.02GB / 1.01GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Darcy