
The Devil Comes at Night (2023) ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ မိုးအေးအေးလေးမှာ တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ Movie Date ပဲဖြစ်ဖြစ် ကြည့်လို့ကောင်းမယ့် 2023 မှာထွက်ထားတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖိုကားကောင်းလေး The Devil Comes at Night ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ လက်ဝှေ့အားကစားသမားဟောင်း ဘန်တစ်ယောက် သူ့အဖေရဲ့ အမွေပေးခဲ့တဲ့ မီးခံသေတ္တာကို လာရှာဖို့ သူ့အဖေခေါင်းချခဲ့တဲ့မြို့လေးကို သူငယ်ချင်းဂျက်နဲ့ အတူ ပြန်လာနေတုန်း ဘားတစ်ခုမှာ အမူးလွန်ပြီး ရန်ပွဲဖြစ်ရင်းကနေ သူတို့နောက်ကို မြို့ခံတွေလိုက်လာတဲ့အခါ... ဘန်အဖေအိမ်လည်းရောက်ရော အိမ်နီးနားချင်းတွေက အရမ်းထူးဆန်းပြီး အပြင်အလည်ထွက်ဖို့ချည်းခေါ်နေတဲ့အခါ အဲဒီနောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေလဲ... တိုက်တိုက်ဆိုင်ဆိုင် ဘန်အဖေ့အိမ်ကိုရောက်တဲ့အချိန် ဘန်အဖေနဲ့ ရင်းနှီးတဲ့စေတနာဝန်ထမ်း အေမီကလည်း အိမ်ထဲမှာ လာပုန်းနေတဲ့အခါ... ဘန့်အဖေ အေမီကိုဘာတွေမှာခဲ့လဲ... အိမ်ကြီးရဲ့ သမိုင်းကြောင်းကရော ဘာတွေလဲ... ဘန်အဖေက ဘန်ကို ဘာလို့ အိမ်ကြီးဆီခေါ်ခဲ့တာလဲ... ဘန်ရဲ့ သမိုင်းကြောင်းကရော ရှင်းခဲ့ရဲ့လား... ဆိုတာတွေကို စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမယ့် ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 630MB Quality - 1080p, 720p IMDb Rating - 5.2/10 Format - mp4 Duration - 1H 20Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
June 6, 2023
ကြာချိန်
1h 20m
အဆင့်သတ်မှတ်ချက်
6.0 / 10
Director
Scott Leaver