
La Patasola ဆိုတာ ကိုလံဘီယာ ဒဏ္ဍာရီ မကောင်းဆိုးဝါးတစ်ကောင်ပါ၊ Patasola ဆိုတာကတော့ ခြေတစ်ချောင်းလို့ အဓိပ္ပာယ်ရပြီးတော့ မိန်းမတစ်ဦးပါ။ သူကတော့ သူ့ယောက်ျားကိုဖောက်ပြန်လို့ သူ့ယောက်ျားကခြေထောက်တွေရိုက်ချိုးပြီးသတ်ခဲ့ပါတယ်၊ ဒီလိုနဲ့ တောထဲမှာ သေဆုံးပြီး မကောင်းဆိုးဝါးဖြစ်လာတာပေါ့၊ သူကိုယ်တိုင်ကဖောက်ပြန်ပေမဲ့ ဖောက်ပြန်တာတော့ မုန်းတဲ့ မိန်းမဗျ။ တောထဲမှာ ဆွဲဆောင်မှုရှိပြီးလှပတဲ့အသွင်နဲ့ ရုတ်တရက်ပေါ်လာပြီး ယောက်ျားတွေကိုဆွဲဆောင်၊ ဒီလိုနဲ့တောနက်ထဲရောက်လာလို့ အဖော်တွေနဲ့ဝေးသွားတဲ့ ပုရိသယောက်ျားခင်ဗျာ ပုံစံအစစ်အမှန်ကိုမြင်လိုက်ရတဲ့အချိန်မှာ နောက်ကျသွားပါပြီ။ တောထဲသွားတိုင်းလည်းကြောက်မနေပါနဲ့ ပုရိသအပေါင်းတို့... ဒီသတ္တဝါဆိုးက ကိုယ့်ရဲ့လက်တွဲဖော်ကို ဖောက်ပြန်တဲ့သူမှပဲမြင်ရတယ်လို့ ဒဏ္ဍာရီတွေကဆိုပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဒန်နီရယ် ဆာရာတို့တစ်တွဲ ဒန်နီရယ့်သူငယ်ချင်းတို့ကတစ်တွဲနဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာကို Camp ထွက်ကြပါတယ်။ ဒီနေရာကလည်း သတင်းဆိုးတွေ လူသေမှုသတင်းတွေနဲ့ကျော်ကြားတဲ့နေရာဖြစ်ပေမဲ့ ဒန်နီရယ်ကတော့ မသွားရရင် မနေနိုင်အောင်ကိုဖြစ်နေပါပြီ၊ အစောင့်တွေသတိပေးတဲ့ကြားက ဒန်နီရယ်ကလည်းသွားချင်၊ ဆာရာခမျာလည်း ယောက်ျားကိုချစ်ရှာလေတော့ ဒီလိုနဲ့သွားဖြစ်လိုက်ကြပါရော။ တောထဲမှာ မလုပ်သင့်တာတွေလုပ်ပြီး မဖြစ်သင့်တာတွေဖြစ်တာကို အသည်းတယားယား ကြည့်ရှုရမယ့် The Curse of La Patasola ပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်) Size - 800MB, 410MB Quality - 1080p, 720p Format - mp4 Duration - 1H 24Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Murphy Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download | ||
| 1080p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
January 14, 2022
ကြာချိန်
1h 30m
အဆင့်သတ်မှတ်ချက်
6.2 / 10
Director
AJ Jones