
~ IMDb rating - 6.5/10 ~ လူ ၅ ယောက်ရဲ့ ထူးထူးခြားခြားပတ်သက်ဆက်နွယ်နေပုံကို Psychology ရှုထောင့်ကနေ တွဲဖက်ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ Psycho ဆန်ဆန်ကားပေမယ့် တစ်ကားလုံး ဆရာ၀န်နဲ့ လူနာစကားပြောတဲ့ပုံစံနဲ့ အငြိမ်ကြည့်ရမှာပါ။ ဒေးဗစ်ဆိုတဲ့ စိတ္တဇရောဂါဆရာ၀န်ဆီကို လူနာ ၃ယောက် ရောက်လာတာကနေ စပါတယ်။ ဒေးဗစ်က မကြာသေးခင်က ဇနီးဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေလို့ ပူဆွေးနေတာပါ။ ဒေးဗစ်ကို ရဲဘက်က အမှုဖွင့်ထားပေမယ့် သူ့ဇနီးက ရောဂါတစ်မျိုးကြောင့် သတ်သေတာဆိုပြီး အမှုပြန်ပိတ်သွားပါတယ်။ လူနာ ၃ယောက်က သူတို့ဖြစ်နေတဲ့ အခြေအနေကို ဒေးဗစ်ဆီ လာရင်ဖွင့်ကြတာပါ။ ဂျွန်ရယ် မိုက်ရယ် ကိတ်ရယ်ဆိုပြီး ၃ယောက် တစ်လှည့်စီလာကြပါတယ်။သူတို့နဲ့ ဆွေးနွေးရင်း ဒေးဗစ်ရဲ့ အကြောက်တရားတွေ ပြန်ပေါ်လာတဲ့အခါ... သူတို့ ၃ယောက် ပြောပြနေတဲ့ အကြောင်းအရာတွေက ဒေးဗစ်တို့ ဇနီးမောင်နှံနဲ့ ဘယ်လို ဆက်စပ်နေတာလဲ... သူတို့ ၅ယောက်က ဘယ်လို ပတ်သက်နေတာလဲ... ဒေးဗစ်ဇနီးကရော ကိုယ့်ကိုယ်ကိုယ်သတ်သေတာဟုတ်ရဲ့လား... နောက်ဆုံးမှာ ဘယ်သူက မှန်ပြီး ဘယ်သူက မှားနေတာလဲ... ဒေးဗစ်ရဲ့ အကြောက်တရားတွေက ဘာတွေလဲ ဆိုတာသိချင်ရင်တော့ ခုပဲ ကြည့်လိုက်ပါနော်။ ငြိမ်ငြိမ်လေးနဲ့ သိလိုစိတ်ပြင်းပြလာအောင် ဆွဲခေါ်သွားတဲ့ ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 760MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 37Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y