
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကို ကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ် အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့ မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။ သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင် ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့ အမှုကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကို ရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊ ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကို ကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ... တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာ ကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလား လုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သက်သေပြသွားမယ့် လောင်ကျောင်းကရော ကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ အားပေးကြပါဦး ဒီဇာတ်ကားဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလမှာ တိုင်းပြည်ကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ သေနတ်သမားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Action , Drama Runtime : 2h Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By MeeMee Jue Jue Encoded by LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download |