
The Case of Itaewon Homicide (2019) ဆိုးလ်မြို့ရဲ့ နိုင်ငံခြားသားများနဲ့ အစည်ကားဆုံး အီထယ်ဝန်မှာ ၁၉၉၇ ခုနှစ်က တကယ်ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအပေါ် အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားလေး ဂျိုဂျွန်ဖီဟာ ရည်းစားဖြစ်တဲ့ကောင်မလေးနဲ့ date မယ်ဆိုပြီး အီထယ်ဝန်ကို ရောက်လာခဲ့ပါတယ်။ နောက်ကျနေပြီမလို့ အိမ်ပြန်ချင်နေပြီဖြစ်တဲ့ ကောင်မလေးကို အချိန်ဆွဲဖို့ သန့်စင်ခန်းဝင်မယ်ဆိုပြီး ဘာဂါဆိုင်တစ်ဆိုင်ရဲ့ သန့်စင်ခန်းထဲကို အမြန်ပြေးဝင်သွားပါတယ်။ ကံဆိုးချင်တော့ အဲဒီသန့်စင်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ အိမ်အခြေအနေက အဆင်မပြေပေမဲ့ အချိန်ပိုင်းအလုပ်လုပ်ကာ ကြိုးစားပညာသင်ယူနေတဲ့ ကျောင်းသားလေးရဲ့ သေဆုံးမှုအတွက် ရင်ကျိုးကျန်ခဲ့ရတဲ့ မိသားစုက ကိုရီးယားတရားရုံးမှာ အမှုစစ်ပေးမဲ့ အမှုစစ်ဘတ်ကို အားကိုးရှာတယ်။ သံသယရှိသူ ၂ ဦးက နိုင်ငံခြားသားဆိုတော့ အမှုကို စီအိုင်ဒီဘက်က အရင်စစ်တယ်။ ပြီးတော့ မက္ကဆီကန်-ကိုရီးယားစပ် ပီအာဆန်ကို တရားခံလို့ သတ်မှတ်ပြီး ကိုရီးယားဘက်ကို လွှဲပေးတယ်။ အမှုစစ်ဘတ်က ဒီအမှုကို ကိုင်တော့ နောက်တစ်ဦး ကိုရီးယားလူမျိုး အမေရိကန်နိုင်ငံသားကိုပါ အမှုတွဲထဲ ထည့်ပြီး သေချာစစ်ဆေးမေးမြန်းတယ်။ သူတို့ ၂ ဦးလုံးက ဂျိုဂျွန်ဖီသေဆုံးနေတဲ့ သန့်စင်ခန်းထဲမှာ အတူတူရှိခဲ့တဲ့အချက်၊ လူသတ်လက်နက်က ပီအာဆန်ဆီမှာ တွေ့တယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပေမဲ့ အေဂျေရဲ့ ထွက်ဆိုချက်တွေက ကွဲလွဲမှုတွေ ရှိနေတယ်။ နှစ်ယောက်လုံးကတော့ တစ်ယောက်ကို တစ်ယောက်လွှဲချတယ်။ အမှုစစ်ဘတ် ခေါင်းစားရပြီ။ စီအိုင်ဒီဘက်က စစ်ဆေးချက်တွေကလည်း တစ်ဖက်သတ်ဆန်သလိုလို လုပ်ကြံထားသလိုလို၊ ဒါဟာ သံသယရှိသူတွေနဲ့ သူ့ကြားက ဦးနှောက်တိုက်ပွဲပဲ။ Open ending ဖြစ်ပြီး ကိုယ်ကြည့်တဲ့ ရှုထောင့်ကနေ အရာအားလုံးက ပြောင်းလဲသွားနိုင်တာမို့လို့ ဇာတ်ကားကြည့်ပြီး တစ်ခုခု စဥ်းစားစရာ ရသွားချင်ရင်တော့ ကြည့်ဖို့ အထူး recommend ပါတယ်။ အညျွန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ်။ Genre….. Crime, Mystery, Thriller Quality…. 1080p | 720p File size… 1.6GB | 695MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron