
လူတိုင်းလူတိုင်းဟာ ဆယ်ကျော်သက်အရွယ် လူကြီးစိတ်စ၀င်တဲ့အရွယ်မှာ ပထမဆုံးသဘောကျမိတဲ့သူ၊ ရင်ခုန်မိတဲ့သူ၊ crushမိတဲ့သူတွေ ရှိခဲ့ဖူးကြတာပဲမလား။ အဲဒီတစ်ယောက်ဟာ ရွယ်တူလည်းဖြစ်နိုင်တယ်၊ စီနီယာတစ်ယောက်ယောက်လည်းဖြစ်နိုင်တယ်၊ ရုပ်ရှင်ထဲက မင်းသား၊မင်းသမီးလည်းဖြစ်နိုင်သလို ရပ်ကွက်ထဲက သိပ်လှတဲ့ဦးလေး၊အဒေါ်အရွယ်တွေလည်း ဖြစ်နိုင်တာပဲလေ။ ဒီဇာတ်ကားမှာ အယ်လန် နဲ့ ဖင်း ဆိုတဲ့ သားအဖနှစ်ယောက်ဟာ သူ့(အယ်လန်)ဇနီး၊ သူ့(ဖင်း)အမေကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက် ခက်ခဲလွန်းတဲ့နေ့ရက်တွေကို ကျော်ဖြတ်နေခဲ့ရပါတယ်။ အယ်လန်ဟာ ရည်းစားတွေလျှောက်ထားပြီး ဖြစ်ချင်တိုင်းဖြစ်နေခဲ့ပြီးတော့ ဖင်းကတော့ အိမ်မှာရှိတဲ့ သစ်ပင်ပေါ်က လိပ်ပြာမွေးထားတဲ့ခြံလေးထဲမှာပဲ အချိန်ဖြုန်းနေလေ့ရှိပါတယ်။ ကံကြမ္မာရဲ့ အလှည့်အပြောင်းလေးတစ်ခုမှာတော့ အဖော်အချွတ်မယ်ဟောင်းတစ်ယောက်၊ အလှပဂေးလေးတစ်ယောက်ဖြစ်တဲ့ အဲဗလင်းဆိုသူဟာ သူတို့မြို့ကို ရောက်လာခဲ့ပါတယ်။ အဲဗလင်းဟာ သူ့ရဲ့လိပ်ပြာ၀တ်စုံဟောင်းလေးကို ပြန်၀တ်ပြီး ကနေခဲ့တာကို လှမ်းမြင်ခဲ့ရတဲ့ ဖင်းတစ်ယောက် ရင်ထဲမှာပါ လိပ်ပြာတွေပျံပြီး မြင်မြင်ချင်း သဘောကျမိသွားပါတော့တယ်။ အယ်လန်ဟာလည်း အလုပ်သွားတဲ့အချိန်မှာ အဲဗလင်းနဲ့ ဆုံတွေ့မိခဲ့ပြီး သဘောကျသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြောင်တောင်တောင်နိုင်တဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်လာခဲ့ပြီး ဒီဇာတ်ရှုပ်ကြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ File size… 1.4 GB / 619 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 619 MB | Download | |
| 720p | 619 MB | Download | |
| 720p | 619 MB | Download | |
| 720p | 619 MB | Download | |
| 720p | 619 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.5 / 10
Director