
IMDb Rating (6.7) / Rotten Tomatoes (68%) နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ The Pianist မင်းသားကြီး Adrien Brody, MCU ရဲ့ Hulk မင်းသားကြီး Mark Ruffalo, The Mummy ရဲ့အသည်းကျော်မင်းသမီးကြီး Rachel Weisz တို့ပါ၀င်ထားပြီး ဒါရိုက်တာ Rian Johnson ရိုက်ကူးထားတဲ့ Action,Adventure,Comedy ရုပ်ရှင်ကားလေးပါ။ ဇာတ်လမ်းကတော့…. မိဘမဲ့ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Stephen နဲ့Bloomတို့ဟာ ငယ်စဉ်ကတည်းက ဆိုးသွမ်းတတ်တာကြောင့် မွေးစားမိဘတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ရပါတယ်။ ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက လိမ်လည်ခြင်းအတတ်ပညာကို ကျွမ်းကျင်ကြပြီး အစ်ကိုဖြစ်သူစတီဗင်က လူလိမ်ဇာတ်လမ်းတွေကို သေချာအစီအစဉ်ချပြီး ညီဖြစ်သူကတော့ ပစ်မှတ်ရဲ့ယုံကြည်မှုကိုရနိုင်ဖို့ဟန်ဆောင်ပေးရပါတယ်။ နှစ်တွေကြာပြီးမှာတော့ Bloomညီနောင်တို့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်သူ တစ်ကောင်ကြွက်သူဌေးသမီး Penelope နဲ့တွေ့ချိန်မှာတော့ စီစဉ်ထားတာတွေအကုန် လွဲချော်ဖို့အကြောင်းဖန်လာတဲ့အခါ….။