
အပိုင်း( ၁ မှ ၈ )ထိ စ/ဆုံး ဒီစီးရီးက 2019 မှာ အပိုင်း(၈)ပိုင်းထွက်ရှိထားပြီးသလို တင်လည်းထားပြီးပါပြီ.... ဇာတ်လမ်းတွဲအညွှန်းက ထွေထွေထူးထူးတော့ထပ်ပြောစရာမရှိဘူး... စူပါ ပါဝါရြပီး လူတွေကိုအကျိုးပြုနေတဲ့ Hero တွေရှိသလို အနိုင့်ကျင်ပြီး ကိုယ်ကျိုးအတွက် အသုံးချနေတဲ့ သူရဲကောင်းဟန်ဆောင်ထားတဲ့ မိစ္ဆာလိုကောင်တွေလည်းအများကြီးရှိပါတယ်... ဒီလိုကောင်တွေကြောင့် တစ်ချို့သောသူတွေ အများစွာထိခိုက်နေပေမယ့်လည်း Supervillain လိုကောင်တွေဟာ အင်အားကြီးတာရော အဖွဲ့အစည်းတစ်ခုအနေနဲ့ရှိနေတာရော ထောက်ခံနေတဲ့သူတွေများနေတာကြောင့် ဒေါသတွေကိုမြိုသိပ်နေရတဲ့သူတွေအများကြီးရှိပါတယ်... ဒီအထဲမှာမှ ဘဝက သေလည်းမထူးဘူး ...ဒီလိုစူပါပါဝါရနေတဲ့ အရူးတွေကို ရသလောက်ပြန်သတ်မယ်ဆိုပြီး The Boys ဆိုတဲ့အဖွဲ့အစည်းလေးပေါ်ပေါက်လာတဲ့အချိန်မှာတော့.... SE1 ထဲက ရှယ်ကြမ်းသလို SE2 မှာလည်းပိုတောင်ကြမ်းလာပါတယ်...ဒီစီးရီးက စိတ်ဝင်စားဖို့ကောင်းတာက ကျွန်တော်တို့မြင်တွေ့နေကြ ကိုးကွယ်ရတဲ့စူပါဟီးရိုးတွေမဟုတ်ဘဲ ဗီလိန်ကောင်တွေကို လိုက်ဗျင်းပြီး အားနည်းနေတဲ့အဖွဲ့လေးနဲ့ ကျွန်တော်တို့ဟာ တစ်သားထဲအလိုလိုဖြစ်သွားပါတယ်...ပြီးတော့ ဗီလိန်စူပါပါဝါကောင်တွေရဲ့အားနည်းချက်တွေကို လိုက်ရှာပြီး ဗျင်းဖို့လိုက်စဉ်းစားရတာလည်း တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်...အက်ရှင်ခန်းတွေ ဘယ်လောက်မိုက်ပြီး နင်းကန်ပီပြင်လည်းဆိုတာတော့ ထပ်ပြီးမပြောတော့ဘူး....ဒီနေ့ကတော့ အပိုင်း(၃)ခုထွက်ရှိထားမှာဖြစ်ပြီး ကျန်တဲ့(၅)ပိုင်းကိုတော့ တစ်ပတ် တစ်ပိုင်းနှုန်းပဲထွက်သွားမှာမို့ စောင့်မျှော်ကြည့်ရှုကြပါကုန်.... Quality – 720p WEB-DL Duration – 60min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Crime,Action Translator –Littleneo , Myo Nyunt & May Thu Aung Encoder – Phyo Pyae