
ဒီသရဲကားကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မူလအစီအစဉ်ကတော့ Hulu မှာ streaming ပြသဖို့ ဖြစ်ပေမဲ့အကြိုပွဲတွေမှာ လူတွေအရမ်းကြောက်ပြီးကြိုက်ကြတဲ့အတွက် ရုံတင်ဖြစ်သွားပါတယ်။အချို့အခန်းတွေမှာ ပရိသတ်တွေ အရမ်းအော်ပြီး အရေးကြီးတဲ့ဒိုင်ယာလော့တွေကို အသံဖုံးသွားလို့ ရုပ်ရှင်ကိုကြောက်စရာအခန်းနဲ့ ဒိုင်ယာလော့ကြား နည်းနည်းခြားအောင်ပြန်တည်းဖြတ်လိုက်ရပါသေးတယ်။ ဒီရုပ်ရှင်ရဲ့ အဓိက မိန်းကလေးသရုပ်ဆောင်နှစ်ယောက်ကတော့Star Wars Series ထဲက မင်းသမီးလေယာနဲ့ ဒရက်ရှ် နေရာက သရုပ်ဆောင်ခဲ့တဲ့နှစ်ယောက်ပါပဲ။ ဇာတ်လမ်းအကျဉ်း အဓိကမကောင်းဆိုးဝါး ဘူဂီမန်းဟာ စတီဖင်ကင်းရဲ့ နာမည်ကျော် IT နဲ့ အတော်ဆင်တူပါတယ်။ကလေးတွေကို အရမ်းကြောက်အောင်လုပ်ပြီး သတ်ပစ်တာပါ။ဒါပေမဲ့ IT လောက်တော့ စွမ်းအားမကြီးပါဘူး။သူဟာ အလင်းကိုကြောက်ပါတယ်။အမှောင်ထဲမှာပဲ လှုပ်ရှားနိုင်တယ်။စိတ်ဒဏ်ရာရှိနေတဲ့ကလေးတွေကို ပစ်မှတ်ထားတယ်။ဒီလိုမျိုးပါပဲ။စတီဖင်ကင်းရဲ့ ဝတ္ထုတိုပဲဖြစ်လို့ IT, Dark Tower လို့ပင်မဇာတ်ကြောင်းကြီးမှာတော့ ထပ်မပါသေးပါဘူး။ ဒီရုပ်ရှင်မှာတော့ စိတ်ကုထုံးဆရာဝန်ဒေါက်တာ ဟာပါမှာ ဆေဒီ နဲ့ ဆောယာဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်။သူတို့ရဲ့အမေကတော့ မကြာသေးခင်လေးက ကားတိုက်မှုဖြစ်ပြီးဆုံးသွားတာမို့ သူတို့မိသားစုဝင်သုံးယောက်လုံးကိုယ်စီပူဆွေးနေတုန်းအချိန်မှာပဲရှိပါသေးတယ်။တစ်နေ့မှာတော့ လူတစ်ယောက် ရုတ်တရက်ဒေါက်တာဟာပါနဲ့ လာပြပါတယ်။သူ့ရဲ့ကလေးတွေကို မကောင်းဆိုးဝါးတစ်ကောင်ကသတ်သွားကြောင်း အခိုင်အမာပြောပါတယ်။ပြီးတော့ ဒေါက်တာဟာပါရဲ့အိမ်မှာပဲသတ်သေသွားပါတယ်။အဲဒီနောက်မှာ ကလေးမလေးနှစ်ယောက်ဟာထူးဆန်းတဲ့ကြောက်စရာတွေမြင်လာရတဲ့အခါ… File size… 2.8 GB / 1.1 GB / 445 MB Quality… WEB Rip 4K/ 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr Anderson
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | 2.8 GB | Download | |
| 4K | 2.8 GB | Download | |
| 4K | 2.8 GB | Download | |
| 4K | 2.8 GB | Download | |
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 720p | 445 MB | Download | |
| 720p | 445 MB | Download | |
| 720p | 445 MB | Download | |
| 720p | 445 MB | Download | |
| 720p | 445 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.1 / 10
Director