
The Black Dahlia (2006) *********************** ခုတခေါက်တင်ဆက်ပေးမယ့် ကားလေးကတော့ The Black Dahlia ဆိုတဲ့ Crime/Thriller အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်…၁၉၄၇ ခုနှစ်မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ The Black Dahlia မှုခင်းအပေါ် မှီငြမ်းဇာတ်အိမ်တည်ရေးထားတဲ့ဝတ္ထုကို ဒါရိုက်တာကြီး Brian De Palma က ရုပ်ရှင်အနေနဲ့ ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်… ယင်းဒါရိုက်တာ Brian De Palma ဟာဆိုရင် နာမည်ကျော်ရုပ်ရှင်ကားများဖြစ်တဲ့ Carrie(1976), Dresses to Kill(1980), Scarface(1983), The Untouchables(1987) နဲ့ Mission: Impossible (1996) တို့ရဲ့ ခေါင်းကိုင်ဖခင်ကြီးလည်းဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————– Bucky Bleichert နဲ့ Lee Blanchard တို့ဟာ လော့စ်အိန်ဂျလိရဲဌာနက လက်ဝှေ့သမားဟောင်း ရဲအရာရှိများဖြစ်ပြီး တစ်နေ့ကျ သံသယရှိတရားခံကို တူတူစောင့်ကြရင်း မမျှော်လင့်ထားတဲ့ သေနတ်ပစ်ခတ်မှုဖြစ်စဉ်မှာ Lee ဟာ သူ့တွဲဖက်ကို ကယ်တင်နိုင်ခဲ့ပါတယ်… အဲဒီအချိန်ကစပြီး Bucky တစ်ယောက် သူ့တွဲဖက်ကို ယုံကြည်အားကိုးကာ ကျေးဇူးတင်မဆုံးဖြစ်ရပါတော့တယ်… ထိုဖြစ်စဉ်အပြီးမကြာမီမှာပဲ ရက်စက်စွာအသတ်ခံရတဲ့ မိန်းမငယ်လေး Elizabeth Short အမှုပေါ်ပေါက်လာပြီး ရဲဌာနတစ်ခုလုံး ခေါင်းရှုပ်ရပါတော့တယ်…တပြိုင်တည်းမှာ Lee ကိုင်တွယ်ဖမ်းဆီးခဲ့တဲ့ လူသတ်မှုတရားခံတွေကလည်း လွတ်ငြိမ်းခွင့်ရကာ လော့စ်အိန်ဂျလိစ်မြို့ဆီပြန်ရောက်နေခဲ့ပါတယ်… မိန်းမငယ်လေး သေဆုံးမှုအတွက် ၎င်းရာဇဝတ်သားများကို သံသယရှိသူ Bucky နဲ့ အပြည့်အဝကာကွယ်ပေးသူ Lee တို့ သဘောထားချင်းမတိုက်ဆိုင်ချိန်မှာတော့… ဒီရုပ်ရှင်ကားလေးဟာ ကျယ်ပြန့်ရှုပ်ထွေးတဲ့ဇာတ်ကောင်တွေနဲ့ ဖွဲစည်းထားပြီး အမှုကနေအံချော် ကောက်ချက်ဆွဲနိုင်စရာဖြစ်ရပ်တွေနဲ့ ပုံဖော်ထားလို့ ဇာတ်ကားပြီးဆုံးချိန်နားထိ မြှုပ်ကွက်တွေရှာရင်း ကြည့်ရှုရမှာဖြစ်တဲ့အတွက် ဇာတ်အိမ်ရှုပ်ရှုပ်ထွေးထွေးနှစ်သက်သူ ရုပ်ရှင်ချစ်ပရိသတ်များ ကြည့်ရှုခံစားနိုင်ရန် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ… File Size : 2.05GB / 762MB Quality : BluRay 1080p 5.1ch / 720p Duration : 2hr Genres : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Thiha Htet Encoded by Heather Oo
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p 5.1ch | 2.05GB | Download | |
| 1080p 5.1ch | 2.05GB | Download | |
| 1080p 5.1ch | 2.05GB | Download | |
| 1080p 5.1ch | 2.05GB | Download | |
| 720p | 762MB | Download | |
| 720p | 762MB | Download | |
| 720p | 762MB | Download | |
| 720p | 762MB | Download | |
| 720p | 762MB | Download |