
IMDb - 7.5/10_______Rotten - 98% CM ပရိတ်သတ်တွေကို ဒီတခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Big Sick" ပဲဖြစ်ပါတယ် IMDB 7.5 နဲ့ ပရိတ်သတ်အားပေးမှုကို ရရှိထားတာဆိုတော့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ ဇာတ်လမ်း အကြောင်းအရာကတော့ ကူမေးလ်နမ်ဂျီယာနီ ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ပါကစ္စတန် ဟာသပညာရှင်တစ်ယောက်ဖြစ်ပါတယ် သူဟာ လူတွေရှေ့မှာ ဟာသပြောရတဲ့ ပညာရှင် တစ်ယောက်ပါ တစ်နေ့မှာတော့ သူ့ပွဲမှာ လာအားပေးတဲ့ အမ်မလီဆိုတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်နဲ့ ဆုံခဲ့ပါတယ် ဆုံတဲ့နေ့မှာဘဲ အနောက်တိုင်းထုံးစံအတိုင်း အတူနေခဲ့ကြပါတယ် ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ တိုးပွားခဲ့ပါတယ် ဒါပေမယ့်... ပါကစ္စတန်လူမျိုးတွေဟာ မိဘတွေ စီစဉ်ပေးတဲ့သူနဲ့ လက်ဆက်ရပါတယ် .... လူမျိုးမတူ ဘာသာမတူတဲ့ လူနဲ့ လက်ထပ်တဲ့လူတိုင်းကို မိသားစုကနေ ဖယ်ထုတ်ခြင်းခံရပါတယ်... စကားပြောခွင့်ဆက်သွယ်ခွင့်မရှိပါဘူး.... ဒီထုံးစံကို သိတဲ့ ကူမေးလ်ဟာ အမ်မလီကိုလဲ ဖွင့်မပြောချင် မိဘတွေကိုလဲ စိတ်မဆင်းရဲစေချင်တာနဲ့ ပြောလို့ မထွက်ခဲ့ပါဘူး... တစ်နေ့မှာတော့ အမ်မလီဟာ ဒီအကြောင်းအားလုံးကို သိခဲ့ပါတယ်.. သူတို့နှစ်ယောက်လမ်းခွဲခဲ့ကြပါတယ်.. ဒါပေမယ့်... အမ်မလီဟာ အပြင်းဖျားပြီး ဆေးရုံတက်ခဲ့ရပါတယ်.. ကူမေးလ်ဟာ ဆေးရုံရောက်တာနဲ့ ဆရာဝန်တွေက အမ်မလီ ကို ကိုမာ ပေးရမယ်လို့ ပြောခဲ့ပါတယ်.. အမ်မလီရဲ့ ရောဂါက ရှာဖွေရခက်တဲ့ ရောဂါတစ်မျိုးပါ.. .ဒီတော့...ကူမေးလ်တစ်ယောက် အချစ်ကို ဦးစားပေးမလား... သူ့လူမျိုးကို သစ္စာရှိမလား... ကူမေးလ် အချစ်ကို ရွေးချယ်လိုက်ချိန်မှာရော အမ်မလီက အသက်ရှင်နိုင်ပါ့မလား... ဘာသာမတူတဲ့ ချစ်သူတွေမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကို ဒီဇာတ်ကားလေးက မျှဝေထားပါတယ်... ဘာသာမတူတာကို ချစ်မိတတ်တဲ့ လူတွေနဲ့ သူတို့ရဲ့ မိဘကြားက ဆက်ဆံရေးနဲ့ ဖြစ်တတ်တဲ့ ပြဿနာတွေကို တင်ပြထားပါတယ် ဇာတ်လမ်းအဆုံးမှာလဲ ဇာတ်ကားတစ်ကားလုံးကို "အော် သူက ဒါမျိုးကိုး"လို့ အသံထွက်သွားအောင် ချပြထားတဲ့ အကြောင်းအရာတစ်ခုလဲ ပါဝင်ပါတယ်.. ဒီအဆုံးကို ကြည့်ပြီးတာနဲ့ ကြည့်ရှုသူတို့ Google မှာ သူ့အကြောင်းကို ရိုက်ရှာကြမှာ မလွဲပါဘဲ... ဘာသာမတူတဲ့ ဘဝတူချစ်သူတွေ ရော ဇာတ်လမ်းကောင်းကို ကြည့်ရှုလိုသူ CM ပရိတ်သတ်များပါ ဒီ Big Sick ဇာတ်လမ်းလေးကို ရှုစားပေးကြပါဦး... (ဘာသာပြန်သူကတော့ May Haruko ပါ) File Size : (802 MB) Quality : 720pBluray Running Time : 2hr Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Haruko Encode by Jessica
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |