
ယခုအခါမှာတော့ Rotten 80% နဲ့ IMDb 6.3အထိ ရရှိခဲ့တဲ့ ၂၀၁၂ခုနှစ်ထွက် ဇွန်ဘီကားကောင်းတစ်ကားကို ချပြလိုက်ပါတယ် မြန်မာရုပ်ရှင်ပရိသတ်တွေဟာ ဇွန်ဘီ (Zombie) ကားလို့ဆိုလိုက်ရင် ဖန်တရာတေနေတဲ့ ဇာတ်လမ်းကြီးပဲလို့ တွေးမိပါလိမ့်မယ်။ ဇွန်ဘီကားဆိုရင် ဇွန်ဘီတွေတစ်အုပ်ကြီး နောက်ကလိုက် မင်းသားတို့အုပ်စုကထွက်ပြေး၊ လွတ်အောင်လုပ်၊ ဇွန်ဘီတွေကိုတိုက်ခိုက်နဲ့ မျိုးစုံအောင်ကြည့်ဖူးခဲ့ကြတာ နှစ်ပေါင်း၂၀လောက်ရှိနေလောက်ပါပြီ အခုဒီ The Battery ဆိုတဲ့ ဇွန်ဘီကားကတော့ ထူးခြားပါတယ်။ တခြားဘယ်ဇွန်ဘီကားမှာမှ မမြင်ခဲ့ရတဲ့ ဇာတ်လမ်းကိုကြည့်လိုက်ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘေ့စ်ဘောကစားသမား ၂ ယောက်ဟာ ဇွန်ဘီမြေမှာ ဟိုဟိုဒီဒီလျှောက်သွားပြီး သောင်တင်နေတဲ့ ဇာတ်လမ်းပါ။ သူတို့ဟာ ဦးတည်ချက်မဲ့ပြီး လမ်းမှာတွေ့ကရာ အိမ်ပျက်ကြီးတွေက စားစရာတွေရှာဖွေ ခိုးယူရင်း လျှောက်သွားလို့ နေခဲ့ပါတယ် ဒါပေမဲ့ တစ်ရက်မှာတော့ ဇွန်ဘီတွေဖျက်ဆီးလိုက်လို့ ပျက်စီးနေတဲ့ ကမ္ဘာကြီးမှာ သူတို့ ၂ ယောက်တည်းမဟုတ်ဘူးဆိုတာ စကားပြောစက်ကနေတဆင့် သိလိုက်ရတယ်။ အဲဒီအချိန်ကစပြီး ဘာမှမယ်မယ်ရရ စွဲလန်းစရာမရှိခဲ့တဲ့ သူတို့ ၂ ယောက်ရဲ့ကမ္ဘာဟာ မျှော်လင့်ချက်တွေသန်းလာ၊ စွဲလန်းစိတ်တွေများလာပါတော့တယ်။ ဒီတော့ သူတို့ ၂ ယောက်ရဲ့ မျှော်လင့်ချက်ရောင်ခြည်ဆီသွားနိုင်မလား? သူတို့ကို မျှော်လင့်ချက်ပေးခဲ့တဲ့အရာ၊ ဘယ်သူက ပေးခဲ့တာလဲ? ဇွန်ဘီတွေပြည့်နှက်နေတဲ့ကမ္ဘာမှာ နေ့စဉ်ရက်ဆက်သူတို့ဘယ်လိုဖြတ်သန်းရမလဲဆိုတာကို ဟာသဆန်ဆန်၊ ဒရာမာဆန်ဆန်၊ ဇွန်ဘီကားဆန်ဆန်ကြည့်ရမှာဖြစ်တဲ့အကြောင်း ညွှန်းလိုက်ပါရစေ… File size…(1.85GB)/(1009.9MB)/(516MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre… Adventure / Drama / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mugiwara Ya