
နတ်ပြည်မှာ 'ခြေဗလာနတ်မင်း' လို့ခေါ်တဲ့နတ်တစ်ပါးရှိတယ်။ ဝတ်ပုံစားပုံနေပုံထိုင်ပုံကလည်း နတ်တို့ရဲ့ဂုဏ်သရေနဲ့လားလားမျှမအပ်စပ်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကလည်း အင်မတန်ကောင်းတာမို့ ဘယ်သူနဲ့မှမတည့်ဘဲ နတ်တိုင်းရဲ့မျက်မုန်းကျိုးရာဖြစ်နေပါတယ်။ အဲ့လိုဘယ်သူနဲ့မှမတည့်တဲ့ချဥ်ဖတ်ဖြစ်နေပေမယ့် သူ့မှာ "ရူယီ" လို့ခေါ်တဲ့နတ်လက်နက်ရှိတယ်။ အဲ့လက်နက်ကအတော်စွမ်းတာကြောင့် သူ့ကိုမကြည်ကြသော်လည်း ပြန်မလှန်ရဲကြဘူးဆိုပါတော့။ ဒီလိုနဲ့တစ်နေ့မှာ ခြေဗလာနတ်မင်းတစ်ယောက် မက်မွန်သီးပွဲတော်မှာအသောက်လွန်ရင်း ဒယိမ်းဒယိုင်နဲ့အပြန်မှာ ခြေချော်လက်ချော်နဲ့ သူ့ရဲ့အသက်တမျှအရေးကြီးလှတဲ့ 'ရူယီ' ဟာ ကောင်းကင်ပေါ်ကနေပြုတ်ကျသွားပါလေရော။ အဲ့တော့ ခြေဗလာတို့ခေါင်းမီးတောက်ပြီလေ။ ချက်ချင်းပြန်ရှာဖို့ ချက်ချင်းကိုကောင်းကင်ပေါ်ကခုန်ချခဲ့ပေမယ့် 'လူ့ပြည်တစ်ရက် နတ်ပြည်တစ်က္ကန့်' ဆိူသလိုပဲ သူလူ့ပြည်ကိုရောက်တဲ့အချိန်မှာ လအတော်ကြာနေပါပြီ။ သူ့ရဲ့လက်နက်ကျသွားရာနေရာကဖြစ်တဲ့ ကျီရှန်းရွာလေးကတော့ 'ရူယီ' ကိုရတနာအဖြစ် သေချာထိန်းသိမ်းစောင့်ရှောက်ထားလို့နေပါပြီ။ လက်နက်ကြောင့်မိစ္ဆာတွေရဲ့နှောင့်ယှက်ခြင်းကိုလည်းခဏခဏခံနေရပါတယ်။ ခြေဗလာနတ်ဟာသူ့လက်နက်ကိုပြန်တောင်းပေမယ့် ရွာသားတွေကတော့သူ့ကိုမယုံဘဲပြန်မပေးကြပါဘူး။ သူကလည်း လက်နက်ပြန်ရမှကောင်းကင်ကို ပြန်တက်လို့ရမှာဆိုတော့ ဘယ်လိုကြိုးစားပြီးပြန်ယူလေမလဲ။ ခြေဗလာနတ်မင်းဟာသေမျိုးလောကမှာနေရင်းနဲ့ တဖြည်းဖြည်းရင့်ကျက်ပြီး စာနာရိုင်းပင်းတတ်တဲ့ နတ်တစ်ပါးဖြစ်လာပုံကို ဟာသလေးတွေနှောပြီးရိုက်ကူးထားတာကြောင့် ပျင်းစရာကောင်းမနေဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Comedy Runtime : 82 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon , Chu Chu , Yin Wai Phyo Encoded by LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download |