
Horror ပရိသတ်များအတွက် slow burn လေးနဲ့ ဖြည်းဖြည်းချင်း ကျောချမ်းစေမဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက် ချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Godzilla vs Kong နဲ့ The prestige တို့မှာပါဝင်ခဲ့တဲ့ မင်းသမီး Rebecca Hall, နာမည်ကျော် ရုပ်ရှင်ပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားDominic West နဲ့ Harry Potter ရုပ်ရှင်များထဲမှာ Voldemort ထက် ပိုလူမုန်း များခဲ့တဲ့ Dolores Umbridge သရုပ်ဆောင် မင်းသမီးကြီး Imelda Staunton တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ——————– အမျိုးသမီးတွေဟာ ပညာရေးပိုင်းနဲ့မသက်ဆိုင်ဘူးလို့ တစ်ပိုင်းတစ သတ်မှတ်ထားကြတဲ့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းအချိန်မှာ ဖလောရန့်စ် ကတော့ ပညာရေးပိုင်းထူးချွန်ပြီး အင်္ဂလန်ရဲ့ အထက်မြက်ဆုံးလူတွေ ထဲကတစ်ယောက်လို့ သတ်မှတ်ခံထားရပါတယ်။ သူဟာ သိပ္ပံဘာသာ ရပ်ကို စိတ်ဝင်စားလေ့လာနေတဲ့သူဖြစ်တဲ့အလျောက် လက်တွေ့အရှိ တရားတွေကိုပဲယုံကြည်ပြီး သရဲတစ္ဆေဆိုတာ တကယ်မရှိဘူးလို့မှတ် ယူထားတာပါ။ ဒီလိုမှတ်ယူထားတဲ့အတွက် သူ့ရဲ့ ကောင်းမွန်တဲ့ဉာဏ်စွမ်းနဲ့ အတွေးအခေါ်တွေကို ပေါင်းစပ်အသုံးချပြီး မြို့တွင်းက သရဲတစ္ဆေခေါ် ပွဲတွေ၊ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေမှာ သရဲယောင်ဆောင်ထားတဲ့ လူတွေကို လက်ပူးလက်ကြပ်ဖမ်းပြကာ ဝိညာဉ်တွေတကယ်မရှိကြောင်း သက်သေလိုက်ပြလေ့ရှိပါတယ်။ တစ်နေ့မှာတော့ ဖလောရန့်စ်ဆီကို ယောက်ျားလေး ဘော်ဒါကျောင်း တစ်ခုက ဆရာတစ်ယောက်ရောက်လာပြီး သူ့တို့ကျောင်းမှာ သရဲခြောက် နေတာကြောင့် ဘော်ဒါကျောင်းသားတစ်ယောက် ေ-သဆုံးသွားလို့ ဖြေရှင်းပေးပါဆိုပြီး အကူအညီလာတောင်းပါတယ်။ သရဲတစ္ဆေတွေ တကယ်မရှိဘူးဆိုတာကို သက်သေပြချင်တဲ့ ဖလောရန့်စ်လည်း ဘော်ဒါ ကျောင်းကိုလိုက်သွားပြီး သရဲယောင်ဆောင်တဲ့လူကိုဖမ်းပြဖို့ ကျကျနန ပြင်ဆင်ပါတော့တယ်။ ဒါပေမဲ့ ကိစ္စတွေက ဖလောရန့်စ်ထင်ထားသလိုဖြစ်မလာတဲ့အခါ…. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ File size… 1.82GB / 662MB Quality… Blu- Ray 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.82GB | Download | |
| 1080p | 1.82GB | Download | |
| 1080p | 1.82GB | Download | |
| 720p | 662MB | Download | |
| 720p | 662MB | Download | |
| 720p | 662MB | Download | |
| 720p | 662MB | Download | |
| 720p | 662MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.4 / 10
Director