
The Archies (2023) “အိပ်မက်မြို့လေးက လူငယ်ဘဝ” Netflix က အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြော teen musical comedy ဖြစ်ပြီး ရှရွတ်ခန်းရဲ့ သမီးချောလေးဖြစ်တဲ့ ၂၃နှစ်အရွယ် မင်းသမီး အသစ်စက်စက်လေး ဆူဟာနာခန်းနဲ့ အမီတာဘဂျမ်းရဲ့ မြေးအဂတ်စ်တယနန္ဒတို့ပါ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ “အာချီ” ကာတွန်းက တီးဝိုင်းတစ်ခုဖြစ်တဲ့ “The Archies” ဆိုတဲ့ တီးဝိုင်းအဖွဲ့ကို အခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းကတော့ ရွှေခေတ်လို့ ခေါ်ကြတဲ့ ၁၉၆၀ များ ကာလမှာ တည်ထားပြီး ရေးဗားဒေးဆိုတဲ့ စိတ်ကူးယဥ်သုခဘုံ မြို့လေးက အာချီနဲ့အတူ ဆယ်ကျော်သက်ကျောင်းသားလေးတွေရဲ့ အချစ်ရေးရာ သူငယ်ချင်းပေါင်းသင်းဆက်ဆံရေးနဲ့ လူငယ်သဘာဝ အဖြစ်အပျက်လေးတွေကို ပေါ့ပေါ့ပါးပါး ဖော်ပြထားတာပါ ရေးဗားဒေးမှာ Green Park လို့ခေါ်တဲ့ စိမ်းစိုစိုတောင်ကုန်းလေးမှာ နှစ်စဥ်နှစ်တိုင်း သစ်ပင်စိုက်ပွဲကျင်းပလေ့ရှိပြီး သဘာဝကို တန်ဖိုးထားသူတို့ ပျော်စံရာ သုခဘုံလေးဖြစ်ပါတယ် မြို့သူမြို့သားပိုင် ဌာနေအဖြစ် သတ်မှတ်ထားပေမယ့်လည်း ဒါကို တစ်နေ့မှာ မစ္စတာလော့ဒ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မြို့ရဲ့အချက်အချာဖြစ်တဲ့ Green Park မှာ ဟိုတယ်ဆောက်ဖို့ အာဏာပိုင်တစ်ချို့နဲ့ ကြံပါတော့တယ် ဒါကို သဘာဝ အလှတရား ချစ်မြတ်နိုးတဲ့ ဆယ်ကျော်သက်ကလေးတွေက သူတို့တန်ဖိုးထားတဲ့ အိပ်မက်မြို့လေး ရေးဗားဒေး စီးပွားရေးသမားလက်ထဲ မရောက်အောင် ဘယ်လို အဖြေရှာ ကယ်တင်ကြမလဲ အာချီရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကရော ဘာလဲ ဘယ်လဲ ဆိုတာကို Netflix ထုံးစံအတိုင်း teen အငွေ့အသက်အပြည့်နဲ့ set design နောက်ခံသီချင်းစုံလင်စွာ ရိုက်ကူးတင်ဆက်ထားတာကို ပေါ့ပေါ့ပါးပါး ကြည့်ရမှာဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.5GB | Download | |
| 1080p | 3.5GB | Download | |
| 1080p | 3.5GB | Download | |
| 1080p | 3.5GB | Download | |
| 720p | 1.38GB | Download | |
| 720p | 1.38GB | Download | |
| 720p | 1.38GB | Download | |
| 720p | 1.38GB | Download | |
| 720p | 1.38GB | Download | |
| 720p | 1.38GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director