
သည်းထိပ်ရင်ဖို Paranormal ဆန်ဆန် ဇာတ်ကားအသစ်လေး ထွက်ရှိလာပါပြီ Psychology, Thriller ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် အရမ်းကိုက်မယ့်ကားလေးပါ Se-Ra (Chun Woo-Hee)က ရုပ်သံလွှင့်ဌာနမှာ နာမည်ကြီး သတင်းကြေညာသူ(Anchor) ဖြစ်ပါတယ် Korean မှာ နာမည်ကြီးတဲ့ ၉ နာရီသတင်းမှာ အမြဲတာဝန်ယူရတဲ့သူပေါ့ တစ်နေ့ သူ ၉နာရီ သတင်းအတွက် ရုပ်သံမလွှင့်ခင် ထူးဆန်းတဲ့ဖုန်းဝင်လာတယ် အဲဒီဖုန်းက Se Ra နဲ့ပဲ ပြောချင်တဲ့ဖုန်းဖြစ်နေတော့ မဖြစ်မနေကိုင်လိုက်ရတယ် ဖုန်းဆက်တဲ့သူက မိန်းကလေးတစ်ယောက်ဖြစ်ပြီး... “အဲဒီလူ ကျွန်မကိုသတ်တော့မယ်...ကျွန်မရဲ့သမီးကိုလည်း သတ်သွားပြီ... အကယ်၍ ကျွန်မသေသွားရင်လည်း သတင်းကြေညာသူဆယ်ရာကပဲ ကြေညာပေးပါ...” အဲဒီလိုမျိုး ထူးဆန်းတဲ့စကားတွေနဲ့ သံသယဝင်စရာကောင်းအောင်ပြောတာမို့လို့ နောက်တဲ့ဖုန်းလို့ထင်သွားတယ် ဒါပေမဲ့ စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့တယ် ဆယ်ရာရဲ့ အမေဖြစ်သူ So-Jung (Lee Hye-Young)က သူ့သမီးအောင်မြင်ကျော်ကြားတာကိုလိုချင်တယ် အဲဒါကြောင့် သူ့သမီးကို ဖုန်းထဲကပြောတဲ့ လိပ်စာအတိုင်းသွားဖို့ အကြံပေးတယ် Sera လည်း အဲမိန်းကလေးအိမ်ကိုသွားတော့ အဲမိန်းကလေးနဲ့ သမီးဖြစ်သူသေဆုံးနေတာကို တွေ့လိုက်ရတယ် အဲအချိန်ကစပြီး Sera က သရဲလိုမျိူး အဲမိန်းကလေးရဲ့ ပုံရိပ်တွေ ဆက်တိုက်မြင်လာရတယ် အလုပ်တွေပါ ထိခိုက်လာတာကြောင့် သေသွားတဲ့မိန်းကလေးရဲ့ စိတ်ရောဂါကုဆရာဝန် In-Ho (Shin Ha-Kyun) နဲ့ တွေ့ခဲ့တယ် ဒီအမှုနဲ့ ထိုဆရာဝန်ပတ်သတ်နေတယ်လို့ သိလာပြီး သံသယဝင်လာတယ် ပြီးပြည့်စုံတဲ့ သတင်းကြေညာသူတစ်ယောက်ရဲ့ တုန်လှုပ်ယိုင်နဲ့လာပုံကို ကျောချမ်းရင်း ကြည့်ရမယ့်အပြင် သားသမီးနဲ့မိဘတွေရဲ့ စိတ်ထဲကခံစားချက်တွေကို ဖော်ကြူးထားတဲ့ အတွက် အမိုက်စားကားသစ်လေးကို အခုပဲကြည့်လိုက်ရအောင်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing Khin ပဲ ဖြစ်ပါတယ်။ Genre.....Mystery, Thriller Quality….1080p | 720p| 480p File size… 1.6GB | 815MB | 296MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... Khaing Khin Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6GB | Download | |
| 720p | 815MB | Download | |
| 1080p | 1.6GB | Download | |
| 720p | 815MB | Download |